သံတွဲလေဆိပ်ကို နိုင်ငံတကာခရီးစဉ်ပြေးဆွဲရန် မလုပ်ဆောင်နိုင်သေး

သံတွဲလေဆိပ်ကို နိုင်ငံတကာခရီးစဉ်ပြေးဆွဲရန် မလုပ်ဆောင်နိုင်သေး

မြတ်ဆွေ — သံတွဲမြို့၏ အနောက်ဘက် (၇)မိုင်ခန့်အကွာ မဇင်ကျေးရွာအနီးတွင် တည်ရှိသော သံတွဲလေဆိပ်ကို ၁၉၅၀ ခုနှစ်မှစတင်ပြီး ပြည်တွင်းလေယာဉ်များ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါလေဆိပ်အား နိုင်ငံတကာခရီးစဉ်လေယာဉ်များ တိုက်ရိုက်ပျံသန်းနိုင်ရန်အတွက် ယခု ဘဏ္ဍာနှစ်တွင် လုပ်ဆောင်ပေးမည့်အစီအစဉ် မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောသည်။

သံတွဲလေဆိပ်အား နိုင်ငံတကာခရီးစဉ်လေယာဉ်များ ပျံသန်းနိုင်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် သတ်မှတ် ပေးရန် ရှိ၊ မရှိကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မေလ ၂၅ ရက်နေ့က အမျိုးသား လွှတ်တော်တွင် မေးမြန်းခဲ့သည်။

လက်ရှိမှာ သံတွဲမြို့နယ် ငပလီကမ်းခြေအား ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်သွားလာမှု နည်းပါးနေမှုမှာ နိုင်ငံတကာပျံသန်းမှုခရီးစဉ်အဖြစ် တိုက်ရိုက်ဝင်/ထွက်သွားလာမှု မရသည့်အတွက်ကြောင့်ဟု ဒေါ်ထုမေက ဆိုသည်။

အဆိုပါလေဆိပ်ကို နိုင်ငံတကာခရီစဉ်များနှင့် တိုက်ရိုက်ပျံသန်းခွင့်ရရှိပါက ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှု အများအပြားရှိမည်ဖြစ်ပြီး နိုင်ငံအတွင်းမှ ပြည်သူများမှာ စီးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ နိုင်ငံ၏အခွန်ကိုလည်း တိုးပြီးရရှိမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ငပလီကမ်းခြေမှာလည်း ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ပင်လယ်ကမ်းခြေတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက် ရှိနေသည်။

လက်ရှိမှာ ကိုဗစ်ရောဂါကြောင့် ဘတ်ဂျက်ငွေ လုံလောက်မှုမရှိသဖြင့် ယခုဘဏ္ဍာနှစ်တွင် သံတွဲလေဆိပ်အား တိုးချဲ့ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က တုန့်ပြန်ခဲ့သည်။

နိုင်ငံတကာခရီးစဉ်လေယာဉ်များ ပျံသန်းနိုင်ရေးအတွက် သံတွဲလေဆိပ် လေယာဉ်ပြေးလမ်းများကို တိုးချဲ့ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ဟိုဖက်ဒီဖက် ပေ ၂၅၀၀ စီလောက် ပြေးလမ်းကတော့ အဆုံးသတ်ဖို့ ၂၀၂၀-၂၀၂၁ ခုနှစ် ပြီးအောင် တော်တော် လေး လုပ်ယူရမှာဖြစ်တဲ့အတွက်၂၀၂၀ -၂၀၂၁ ခုနှစ်မှာ Custom Aerodrome လေဆိပ်အဖြစ် ပြီးဆုံးရန်အတွက် မဖြစ်နိုင်ဘူး။ ၂၀၂၀ -၂၀၂၁ ခုနှစ်နောက်ပိုင်းမှသာ ဆောင်ရွက်နိုင်လိမ့်မယ်” ဟု ဦးသန့်ဇင်မောင်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရေထွက်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ရန်ကုန်မှတစ်ဆင့် ရေခဲရိုက်ပြီး တင်ပို့နေရ သည့်အတွက် အရည်အသွေးကျဆင်းခြင်းများ ရှိနေကြောင်းနှင့် ငါး၊ ပုစွန်၊ ကဏန်းများကို သံတွဲလေဆိပ်မှ ပေးပို့မည်ဆိုလျှင် ကုန်ကျစရိတ်သက်သာပြီး နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ဒေါ်ထုမေက ပြောကြားခဲ့သည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...