Covid-19 ကာလ ရခိုင်မှ ငါး၊ ပုစွန်များတင်ပို့ရန် အခက်အခဲဖြစ်

Covid-19 ကာလ ရခိုင်မှ ငါး၊ ပုစွန်များတင်ပို့ရန် အခက်အခဲဖြစ်

ဝင်းညွန့် — Covid-19 ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်မှထွက်ရှိသည့်ငါး၊ ပုစွန်များကို ရန်ကုန်သို့တင်ပို့ရောင်းချရန် အတွက် ငါး၊ ပုစွန်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

ကပ်ရောဂါကာလတွင် ငါး၊ ပုစွန်များကို ယခင်ကဲ့သို့ မတင်ပို့နိုင်တော့သဖြင့် ငါး၊ ပုစွန်လုပ်ငန်းရှင်များ အခက်အခဲရှိနေကြောင်း ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီး ဒေါ်ခင်ခင်ကြည်က ဆိုသည်။

“အခုက သဘောၤနဲ့ ကားတွေလည်း မထွက်ဘူးဆိုတော့ ငါးတွေကို ရန်ကုန်ကိုမတင်ဖြစ်ဘူး။ ကျောက်ပုဇွန်၊ ကင်း ပုဇွန်ဆိုရင်လည်း လေယာဉ်မထွက်တော့ မတင်ရဘူး။ ပုဇွန်ဒိုင်တွေက လုံးဝမဝယ်ရလို့တော့မဟုတ်ဘူး။ ပြည်တွင်းစားကုန်လောက်ပဲ နည်းနည်းပါးပါး ဝယ်ကြတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်ပအဝယ်ဒိုင်များမှလည်း ငါး၊ ပုစွန်များကို ဝယ်ယူမှုနည်းနေသဖြင့် အောက်ခြေဒိုင်များမှာလည်း ငါး၊ ပုစွန်များ မဝယ်နိုင်လောက်သည်အထိ ဖြစ်သွားခဲ့ရကြောင်း ဒေါ်ခင်ခင်ကြည်က ဆက်လက်ပြောကြားသည်။

“အရင်ကတော့ လုပ်ငန်းရှင်တွေ နေ့တိုင်းလိုလိုတင်ပို့ရတယ်။ လုပ်ငန်းများများလုပ်တဲ့သူတွေက တနေ့ကို ၁၅ ပုံးလောက် တင်ပို့ရတယ်။ အခုကတော့ အဝယ်သမားတွေ၊ စက်ရုံတွေကရပ်ထားတော့ သူတို့လည်း ဝယ်လို အဆင်မပြေတော့ဘူးလေ” ဟု ၎င်းကဆိုသည်။

Covid-19 ကပ်ရောဂါကြောင့် ပုဇွန်များကိုဝယ်ယူရာတွင်လည်း ယခင်ဈေးထက် များစွာဈေးမြင့်တက်လျက် ရှိနေကြောင်း ပုစွန်ဝယ်ယူရောင်းချနေသူ ကိုကျော်ဆန်းနိုင်က ဆိုသည်။

“ကျွန်တော်တို့ ပုဇွန်ဝယ်တော့ ဝယ်ရတယ်။ ဒါပေမဲ့ အရင်ကနဲ့ အခုက ဈေးတအားကွာတယ်။ ဘယ်လောက်ထိ ကွာလေဆိုတော့ အရင်ထက် ၁ သောင်းကျော်လောက်တောင် ကွာတယ်” ဟု ၎င်းကပြောသည်။

ထိုနည်းတူ မိမိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင် ရေလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားများနှင့် ငါး၊ပုစွန်ကန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ငါး၊ပုစွန်ဒိုင်များ အဝယ်နည်းပါးမှု၊ ဈေးနှုန်းများတဟုန်ထိုးကျဆင်းလာပြီး ကပ်ရောဂါမဖြစ်ခင် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျင် အလွန်တရာ  ကွာခြားမှုများ ရှိလာသောကြောင့် ဝင်ငွေတဖြည်းဖြည်းနည်းပါးလာကာ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေကြရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ ၂၀၃ ဦးရှိပြီး ၁၂၃ ဦးမှာ ရောဂါပိုးကင်းစင်ခဲ့ကာ သေဆုံးသူ ၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ ပို့တွေ့ရှိသူ ၂ ဦး ပါဝင်သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...