YBS စီနင်းသူ များပြားလာသောကြောင့် ယာဉ်လမ်းကြောင်း ၁၀၀ကျော် ပြန်လည်ပြေးဆွဲပေး

YBS စီနင်းသူ များပြားလာသောကြောင့် ယာဉ်လမ်းကြောင်း ၁၀၀ကျော် ပြန်လည်ပြေးဆွဲပေး

မေလအတွင်းမှာ YBS စီးနင်းသူတွေထက်ဝက်ကျော်မြင့်တက်လာသောကြောင့် ယာဉ်လမ်းကြောင်း ၁၀၀ ကျော်ပြန်လည်ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့(YRTA)မှသိရသည်။

 YBS စီးနှင်းသူအရေအတွက်သည် မေလ ပထမပတ်တွင် တစ်ရက်ကိုနှစ်သိန်းကျော်မှ ယခုမေလကုန်ခါနီးအချိန်တွင် ငါးသိန်းကျော်ရှိလာပြီး တစ်လအတွင်း ထက်ဝက်ကျော်ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

YRTA မှ တွဲဘက်အတွင်းရေးမှုး ဦးလှအောင်က“လူဦးရေက ငါးသိန်းကျော်လာတယ်၊ငါးသိန်းကျော်လာတဲ့ အချိန်မှာ ကားရဲ့ ထွက်ရှိမှုကလည်း ၇၀ရာခိုင်နှုန်းလောက်ရောက်နေပြီ။ ခရီးသည်ကတော့ ၃၀ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။  အရင်က ၁၈သိန်း စီးတယ် စီးနင်းတဲ့ ခရီးသည် ပြန်ကြည့်မယ်ဆို ရုံးတက်၊ ရုံးဆင်းချိန်များတယ် ကျန်တဲ့အချိန်မှာ ပါးတယ် ရုံးဆင်းချိန်ဆို  ကားတွေ ပိုထွက်ထားပေးတယ်” ဟု ပြောသည်။

ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ဧပြီလအတွင်းတွင်YBS စီးနင်းသည့်ခရီးသည် နည်းပါးမှုကြောင့် ယာဉ်လိုင်းများ အရှုံးပေါ်ခဲ့ပြီး ယာဉ်လမ်းကြောင်း ၁၂၄ ခုထဲကမှ လမ်းကြောင်း ၉၀၊ ယာဉ်အစီးရေ ၄၄၀၀ကျော်ကမှ ယာဉ်အစီးရေ ၁၀၀၀ကျော်အထိ တစ်ရက်နား တစ်ရက်မောင်း စနစ်ဖြင့်လျော့ချပြေးဆွဲခဲ့ရသည်။

ယခု မေလကုန်မှစတင်၍ ပြည်သူများ၏ နေ့စဉ်သွားလာမှုအရေအတွက်ကိုကြည့်ပြီး ယာဉ်အစီးရေနှင့် ယာဉ်မောင်းအရေအတွက်အား တိုးချဲ့ပြေးဆွဲပေးသွားမည်ဟုYRTA မှသိရသည်။

YRTA မှထုတ်ပြန်သော မေလ ၂၆ရက်နေ့စာရင်းများအရ ခရီးသည် ငါးသိန်းကျော်အား ယာဉ်လမ်းကြောင်း ၁၂၄ခု၊ မော်တော်ယာဉ်စီးရေ ၃၁၀၀ကျော်ဖြင့်ပေးဆွဲပေးခဲ့ကြောင်းသိရသည်။

စီးနင်းသူများအနေဖြင့် ရုံးသွားရုံးပြန် အတွက်သွားလာရာတွင် social distancingဖြင့်စီးနင်းနိုင်ခြင်းမရှိဘဲ ဗိုင်းရပ်စ်ကူးစက်မခံရအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အကာအကွယ်တွေပြုလုပ်သွားလာနေကြ ရကြောင်းခရီးသွားများကဆိုသည်။

တာမွေမြို့နယ်မှ ပုဇွန်တောင်မြို့နယ်သို့ လုပ်ငန်းခွင်သွားရောက်ရန်နေ့စဉ် YBS စီးနင်းနေရသော ကိုထက်မြတ်အောင်က“ကားတွေက လူကျပ်တော့ ကိုးနာရီလောက် ရုံးသွားတာ အဲ့အချိန်လည်း ကျပ်တုန်းပဲ ဘာလို့ဆိုတော့ ကားတစ်စီးနဲ့တစ်စီးကအရမ်းကြာတာကိုကားရပ်တာနဲ့လူတွေကစုပြုံတက်ကြတယ်ညနေဆိုရင်ရုံးချိန်ကငါးခွဲဆိုခြောက်ခွဲခုနှစ်နာရီအဲ့လောက်မှပြန်တယ်ဒါပေမယ့်အဲ့နောက်ပိုင်းကျကားတွေကသိပ်မရှိတော့အဆင်မပြေတော့ဘူး လူကကျပ်တာပဲ တန်းပေါ်မှာ မတ်တပ်ရပ်ပြီးတော့ လိုက်ရတာပဲ ကိုယ့်ရဲ့ လုံခြုံမှုအပိုင်းကိုတော့ တတ်နိုင်သလောက် Mask တပ်တယ် လက်အိတ်စွပ်တယ် အန္တရာယ်ကြားလဲ သွားနေရတာပဲ မသွားလို့မှမရတာ”ဟုပြောသည်။

မော်တော်ယာဉ်များပေါ်တွင်တော့ လက်သန့်ဆေးဘူးတွေထားပေးခြင်း ၊လေဝင်လေထွက်ရှိအောင် တံခါးဖွင့်မောင်းခြင်းများလုပ်ဆောင်ပေးနေသည်။

YRTAယာဉ်လိုင်းများသည်လည်းဒီကပ်ရောဂါကာလအတွင်းမှာစီးနင်းသူနည်းပါးတာကြောင့်အရှုံးများနှင့်ရင်ဆိုင်ကျော်ဖြတ်နေရကြရသည်။ထို့ကြောင့်CNGသဘာဝဓာတ်ငွေ့ဈေးနှုန်းများအားကားကြီးတစ်စီးစာနှစ်သောင်းခွဲကို ထက်ဝက်လျော့ချပေးရန် YRTAနှင့် ယာဉ်လိုင်းများပူးပေါင်းကာ အစိုးရထံ တောင်းဆိုထားသည်မှာယခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်းသိရသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...