တရုတ်မှ နေရပ်ပြန်လာသည့် ရခိုင် ၃၅၀၀ ကျော်ရှိ

တရုတ်မှ နေရပ်ပြန်လာသည့် ရခိုင် ၃၅၀၀ ကျော်ရှိ

ခင်သရဖီဦး — တရုတ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ နေရပ်ပြန်လာသူများမှာ မေလ ၂၅ ရက်နေ့အထိ လူဦးရေ သုံးထောင့် ငါးရာကျော်အထိ ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နေရပ်ပြန်လာသူများမှာ မိုင်းလားနှင့် မူဆယ်လမ်းကြောင်းတို့မှ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကာ မိုင်းလားနှင့် မူဆယ်တို့၌ Quarantine (၂၁)ရက် စောင့်ကြည့်ခံပြီးမှသာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးက ဆိုသည်။

“ပို့ဆောင်တဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သူတို့အစီစဉ်နဲ့သူတို့ စုပြီးငှားသွားကြတာပေါ့။ အစိုးရက ကျတော့ မန္တလေးမှာစုရပ်တစ်ခုရှိတယ်။ အဲဒီကို ကိုယ့်အစီစဉ်နဲ့ကိုယ်သွားပေးရတယ်။ တစ်သောင်းခွဲ၊ နှစ် သောင်းလောက်ပေးရတာပေါ့။ ပြီးရင် မန္တလေးစုရပ်ကနေ ရခိုင်အထိ အစိုးရအစီစဉ်နဲ့ ပို့ပေးတာရှိတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ တရုတ်နိုင်ငံမှ နေရပ်ပြန်လာကြသူများထဲတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှပါဝင်ပြီး ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့မှ အများဆုံးပါဝင်ကြောင်း သိရသည်။

မူဆယ်နှင့် မိုင်းလားတို့မှ Quarantine ရက်ပြည့်သူများကို ရခိုင်သို့ ပြန်လည်ပို့ဆောင်ရာတွင် ကုန်တင်ယာဉ် များဖြင့် ပို့ဆောင်နေသဖြင့် နေရပ်ပြန်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်းလည်း ပြောဆိုမှုများရှိနေသည်။

ဦးရဲမင်းဦးက “အခုလို ရာသီဥတုပြင်းထန်တဲ့အချိန်မှာ ဖြစ်သလိုသွားနေရတာက ကျနော်တို့နဲ့မဆိုင်ဘူး။ ကျနော် စီစဉ်ပေးလို့မရဘူး။ အခုလို ဆိုးရွားတဲ့အနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး။ လူတွေဖြစ်တဲ့အတွက် ကုန်ပစ္စည်းတွေတင်တဲ့ကားတွေနဲ့ တင်တာက မဖြစ်သင့်ဘူး။ အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ပေးရမှာပေါ့” ဟု ဆိုသည်။

နေရပ်ပြန်လာသူများတွင် စားသောက်ရေး အဆင်မပြေခြင်းများ ရှိနေသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လုပ်ဆောင်ပေးလျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် Quarantine ဝင်ရောက်သူ စုစုပေါင်း ၆၄၉၃ ဦးရှိကြောင်း ပြည်နယ်အစိုးရလှုပ်ရှားမှု များကိုဖော်ပြနေသည့် Rakhine Breaking News Page ၏ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...