ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် ကျောက်တန်းရွာသား ၈၀၀ ကျော် နေရပ်ပြန်

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် ကျောက်တန်းရွာသား ၈၀၀ ကျော် နေရပ်ပြန်

မျိုးသီရိကျော် — ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်တိမ်းနေကြသည့် ကျောက်တန်းကျေးရွာသား ၈၀၀ ကျော်မှာ ယခုရက်ပိုင်းအတွင်း မိမိနေရပ် ကျောက်တန်းကျေးရွာသို့ ပြန်သွားနေကြကြောင်း သတင်းရရှိသည်။

၎င်းကျေးရွာသားများမှာ လယ်ယာထွန်ယက်စိုက်ပျိုးနိုင်ရန်နှင့် လက်ရှိ COVID-19 ကပ်ရောဂါတို့ကြောင့် မိမိနေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့မိသားစုမှာ ကျနောတစ်ယောက်ပဲ ပြန်လာတာ။ မိုးလည်းရွာလာပြီဆိုတော့ လယ်တွေဘာတွေ ပြန်လုပ်ဖို့ အိမ်ကိုပြန်လာခဲ့တာပါ။ မိသားစုတွေအကုန်လုံးကတော့ မလာရဲကြသေးဘူး။ ညဖက်အိပ်နေရင်လည်း စစ်သားတွေ ရွာထဲဝင်လာမလားဆိုပြီး စိုးရိမ်တကြီးနဲ့ အိပ်နေရတယ်”ဟု ကျောက်တန်းကျေးရွာမှ ဦးစံလှိုင်က ဆိုသည်။

ယင်းသို့နေရပ်ပြန်သူများ ကျောက်တန်းကျေးရွာသို့ ရောက်ရှိချိန်တွင် နေအိမ်မှပစ္စည်းများ ဖောက်ထွင်းဖျက်ဆီးခံထားရခြင်း၊ ကုန်စုံဆိုင်များ ဖောက်ထွင်းခံထားရမှုများကို တွေ့ရှိရကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိမှာ ကျောက်တန်းကျေးရွာသားအချို့ နေရပ်ပြန်လာကြသော်လည်း ဒေသမတည်ငြိမ်မှုများ ထပ်မံဖြစ်လာမည်ကို စိုးရိမ်သဖြင့် အချို့ကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းတွင်သာ ကျန်ရှိနေခဲ့ကြသည်။

“လက်ရှိဒေသတည်ငြိမ်နေတာကြောင့် ပြန်ကြတာဖြစ်မယ်။ တိုက်ပွဲတွေပြန်ဖြစ်မှာကိုလည်း သူတို့အတွက် စိုးရိမ်ပါတယ်”ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် မေယုပရဟိတလူငယ်များအသင်းမှ ကိုမေယုထွန်း ကပြောသည်။

ကျောက်တန်းကျေးရွာတွင် အိမ်ခြေ ၅၄၀ ၊ လူဦးရေ ၃၀၀၀ ကျော်ရှိကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၉ ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ကျေးရွာစာသင်ကျောင်း၌ ခေါ်ယူစစ်ဆေးခဲ့သည်။ စစ်ကြောရေးကာလအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် စစ်ဆေးခံရနေသူများထဲမှ အရပ်သား ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ကျောက်တန်းကျေးရွာသားများမှာ ရသေ့တောင်မြို့ပေါ်၊ ကျောက်တော်နှင့် စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်သွားကြခြင်းဖြစ်သည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...