ထန်တလန်တွင် အသားခုံ ပိတ်သော်လည်း Quarantine ဝင်သူများကို ဝက်သားကျွေးဟုဆို

ထန်တလန်တွင် အသားခုံ ပိတ်သော်လည်း Quarantine ဝင်သူများကို ဝက်သားကျွေးဟုဆို

Salai C Lian — ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဝက်သေဆုံးမှုများသောကြောင့်ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး အသားခုံများ ပိတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် Quarantine သူများကို ဝက်သားကျွေးခဲ့ကြောင်း quarantine ဝင်သူ အသိုင်းအဝန်းထံမှ သိရသည်။

အမည်မဖော်လိုသူ Quarantine ဝင်တစ်ဦးက “ထန်တလန်မှာတော့ ဝက်သေများတာကြောင့် အသားခုံတွေ ပိတ်ထားတာကြာပြီ၊ သက်သေတွေက ကျွန်တော်တို့ကြားသိနေရတယ်၊ အပြင်မှာ အသားခုံတွေပိတ်ထားပြီး ကျွန်တော်တို့ကိုတော့ ဝက်သားကျွေးတယ်၊ အဲဒီအတွက် တာဝန်ရှိသူတွေကို ပြန်မကျွေးဖို့ ပြောဖူးတယ်၊ အဲ့ဒီနောက်တော့ ပြန်မကျွေးသေးဘူး၊ သုံးကြိမ်လောက်ထိတော့ သူတို့ကျွေးတယ်” ဟု ပြောသည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ ယခုချိန်ထိ ဝက်သေဆုံးမှု စုစုပေါင်း ၁၅၀ ကျော်ရှိပြီး၊ ဝက်သေများသည် လူတွေကို မကူးစက်ပဲ ဝက်အချင်းချင်းသာကူးစက်ကြောင်း ထန်တလန်မြိုနယ် စည်ပင်မှူး ဦး ဗန်ဇအုပ်က တိကုဆရာဝန်ပြောပြချက်ကို ရှင်းပြခဲ့သည်။

သူက “တိကု ဆရာဝန်တွေ ပြောပြချက်အရတော့ လူတွေကိုတော့ မကူးဘူး၊ ဝက်နှင့်ဝက်ပဲ ကူးစက်နိုင်တယ်၊ ကူးပြီးရင်တော့ တစ်ခါတည်းသေတယ်၊ လက်ရှိမှာ စစ်ဆေးနေကြတယ်၊ စစ်ဆေးချက်ထွက်ပေါ်မှသာ ကျွန်တော်တို့ သားသတ်ခုံပြန်ဖွင့်မယ်” ဟု ဆိုသည်။

ထန်တလန်မြို့တွင် အစိုးရမှ သားသတ်ခုံများ ပိတ်ပြီး Quarantine ဝင်သူများ ဝက်သားပြန်ကျွေးခြင်းသည် အစိုးရတာဝန်ရှိသူများ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ထန်တလန်မြို့ခံတက်ကြွလူငယ် တစ်ဦးက ဝေဖန်သည်။

သူက “အစိုးရ ကိုယ်တိုင်က ပိတ်ပြီး သူတို့က ပြန်ကျွေးတယ်ဆိုတာက စီမံခန့်ခွဲတဲ့သူ အားနည်းချက်ကြောင့်ဖြစ်တယ်၊ ဒီမှာက အသားခုံပိတ်တဲ့နောက်ပိုင်း ဝက်သားလည်းသိပ်မစားကြတော့ဘူး၊ တစ်ချို့ကတော့ ကိုယ့်ဘာသာ ခိုးသတ်ပြီး စားတဲ့သူတွေတော့ ရှိတယ်” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် အနေဖြင့် လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် quarantine ဝင်သူ စုစုပေါင်း ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...