အိန္ဒိယပြန် မြန်မာနိုင်ငံသားများကို ကြိုဆိုပေးရန် ချင်းပြည်နယ်အစိုးရကို CNLD တိုက်တွန်း

အိန္ဒိယပြန် မြန်မာနိုင်ငံသားများကို ကြိုဆိုပေးရန် ချင်းပြည်နယ်အစိုးရကို CNLD တိုက်တွန်း

ကမ္ဘာ့ကပ်ရောဂါကြောင့် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံ Gawati နှင့် မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများမှာ ပြန်လာရန် ဆန္ဒရှိကြပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် နယ်စပ်မှ ကြိုဆိုပေးရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က တိုက်တွန်းကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းတိုက်တွန်းချက်တွင် အိန္ဒိယနိုင်ငံသို့ အသက်မွေးဝမ်းကျောင်းပြုရန်ဖြစ်စေ၊ ပညာဆည်းပူးရန်ဖြစ်စေ၊ လူမူရေးကိစ္စ ဆောင်ရွက်ရန်ဖြစ်စေ၊ တရားဝင်သော်လည်းကောင်း၊ တရားမဝင်သော်လည်းကောင်း သွားရောက်ကြပြီး COVID-19 ကြောင့် မိမိနိုင်ငံသို့ ပြန်လာရန် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ပြန်လာမည့်သူများကို ချင်းပြည်နယ်အစိုးရအနေဖြင့် ကြိုဆိုပေးရန် ဖော်ပြထားသည်။

Pu No Than Kap က”ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာသံပြည်နယ်၊ Gawati မှာလည်းပိတ်မိတဲ့သူတွေရှိတယ်၊ ပြီးတော့ မီဇိုပြည်နယ်မှာလည်းရှိတယ်၊ ကျွန်တော့်ဆီလာပြောတဲ့သူတွေ အားလုံးကတော့ ၃၀ ကျော်တယ်၊ မီဇိုအစိုးရကတော့ နယ်စပ်ထိ ပြန်ပို့ပေးဖို့ အဆင်သင့်ရှိတယ်၊ ကျွန်တော်တို့ ချင်းဘက်က နယ်စပ်ကနေ ပြည်တော်ပြန်သားတွေကို ကြိုဆိုပေးဖို့တိုက်တွန်းတာဖြစ်တယ်” ဟုပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအနေဖြင့် နယ်စပ်ခရိုင် ဖလမ်းသို့အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း Pu No Than Kap ကဆိုသည်။

CNLD  မှ Pu No Than Kap က “ ချင်းအစိုးရကလည်း ဖလမ်းခရိုင်ကို အကြောင်းကြားပြီးပြီ၊ စနစ်တကျ ကြိုဆိုနိုင်ဖို့ သူတို့စာရင်းကို လိုက်တောင်းပြီး ကျွန်တော်ပို့ပြီးပြီ၊ သူတို့ကျေးရွာတွေ အကုန်လုံးပေါ့၊ အိမ်တိုင်ရာရောက်ပို့ပေးနိုင်ဖို့ လုပ်ဆောင်နေကြတယ်” ဟုဆိုသည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံး မတ်လ ၂၁ ရက်ကစ အသွားအလာ ပိတ်ဆို့ လော့ဒေါင်းချခဲ့ရာ ယခု တစ်လကျော်ပြီဖြစ်သည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...