သျှမ်းပြည် COVID-19 သံသယလူနာ တစ်ဦး ဆေးစစ်ခ ကျပ် တစ်သိန်းခွဲ အစိုးရ ချပေး

သျှမ်းပြည် COVID-19 သံသယလူနာ တစ်ဦး ဆေးစစ်ခ ကျပ် တစ်သိန်းခွဲ အစိုးရ ချပေး

COVID-19 သံသယ လူနာများ ၏ ရောဂါပိုး စစ်ဆေးရန် နိုင်ငံတော်အစိုးရက တစ်ဦး ကျပ် တစ်သိန်းခွဲ ဝန်းကျင် ဘတ်ဂျက် ချထားပေးကြောင်း စုံစမ်းသိရသည်။

 

သျှမ်းပြည် မှ COVID–19 သံသယလူနာ များ၏ ရောဂါပိုး ရန်ကုန်မြို့အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းသို့ပို့ ဆောင်စစ်ဆေးရန် တဦးလျှင်ကျပ်တသိန်းခွဲချထားပေးကြောင်း ပြည်နယ်အထူးရောဂါ နှိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“သျှမ်း ၃ သျှမ်း မှာတော့ ပို့ရတာခြင်းမတူဘူး။ သျှမ်းအရှေ့ဆိုရင် လေယာဉ် နဲ့ ပို့ရတယ်။ သျှမ်းမြောက်ဆိုရင် လမ်းကြောင်း တစ်မျိုး၊ သျှမ်းတောင်အတွက်ဆိုရင် လူနာ တစ်ယောက် တစ်သိန်းခွဲ ဝန်းကျင် နဲ့ ချထားပေးတယ်” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

သို့သော် သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး၊ မိုင်းကိုင် ဘက်မှ လာသည့် COVID-19 သံသယ လူနာ တဦးလျှင် ကျပ် တသိန်းခွဲ ၂သိန်း ဝန်းကျင် ရှိကြောင်း ဒေါက်တာ နှင်းအိဖြူ က ဖြည့်စွက်ပြောသည်။

ယခင် နိုင်ငံတော်အစိုးရမှ ရန်ပုံငွေ မချပေးသည့် အချိန်တွင် သက်ဆိုင်ရာ မြို့နယ် ဆရာဝန်ကြီးတွေက တာဝန်ယူပြီး ပို့ပေးခဲ့ရကြောင်း၊ ဓာတ်ခွဲ နမူနာ ပို့ရန် အတွက်လည်း ကျန်းမာရေး ဝန်ထမ်းများကိုယ်တိုင် ပို့ရကြောင်း ဒေါက်တာနှင်းအိဖြူ က ပြောသည်။

“အစ ကတော့ ဆရာမ တို့မှာ ရန်ပုံငွေ မရှိတဲ့ခါကျတော့ သက်ဆိုင်ရာ မြို့နယ် ဆရာဝန်ကြီးတွေကပဲ တာဝန်ယူပြီးတော့ ပို့ပေးနေရတယ်။အခုကတော့ ဗဟိုကော်မတီကနေပြီးမှ တိုင်း နဲ့ ပြည်နယ် ဦးစီးမှူးတွေကို ဒီနမူနာတွေ ပေးပို့ဖို့အတွက် ရန်ပုံငွေ ချထားပေးတာတော့ ရှိတယ်” ဟု ဒေါက်တာနှင်းအိဖြူ က ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုးကိုရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန တစ်ခုတည်း တွင်သာ စစ်ဆေးနိုင်ပြီး၊ အဖြေ သိရှိနိုင်ရန်အတွက် အချိန်တစ်ရက် ကြာမြင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်၍ ဧပြီ ၁၂ ရက် ည ၉ နာရီထိ အခြေအနေမှာ စောင့်ကြည့်လူနာ ၁၁၀၅ ဦး၊ ပိုးတွေ့ ၃၉ ဦး၊ သေဆုံး ၄ ဦး၊ ပြန်လည်သက်သာသူ ၂ ဦး ရှိနေကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...