နမ့်စန်တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

နမ့်စန်တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း မြို့နယ်စီမံခန့်ရေးကော်မတီထံမှ စုံစမ်းသိရှိရသည်။

ဧပြီ ၁ မှ ၃၀ ရက်ထိ ဖြစ်ပြီး ညနေ (၇) နာရီမှ မနက် (၆) နာရီထိ အိမ်ပြင်မထွက်ရဟု ပါရှိသည်။ လူစုလူဝေး သွားလာခြင်းမပြုရန် ထုတ်ပြန်ချက်တွင် တားမြစ်ထားသလို ပြည်ပမှ ပြန်လာသူများရှိက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရန် အသိပေးထားသည်။

“အဓိက လူစုလူဝေး မဖြစ်စေချင်ဘူး။ အရေးမကြီးရင် အိမ်အပြင် မထွက်စေချင်ဘူး” ဟု နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဆိုသည်။

COVID-19 ရောဂါ တစ်နိုင်ငံလုံး ပြန့်ပွားနေသည့် အခြေအနေမှာ နမ့်စန်မြို့တွင် တစ်ဦးကို တစ်ဦး ကူးစက်မှု မရှိအောင်၊ ယင်းအပြင် မြို့ပြင်ထွက်သူ မများအောင် ထိန်းချုပ်သည့် ပုံစံဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။

သျှမ်းပြည်နယ်တွင် COVID-19 စောင့်ကြည့်လူနာ ၉၃ ဦး၊ ဆေးရုံတွင် စောင့်ကြည့် ကုသဆဲ ၅၇ ဦး၊အတည်ပြုလူနာ ၁ဦး ရှိကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...