“ဝ” ဒေသ အဝင်အထွက် ယာယီ ကန့်သတ်

“ဝ” ဒေသ အဝင်အထွက် ယာယီ ကန့်သတ်
Photo by SHAN/UWSA အဝင်ဂိတ်
Photo by SHAN/UWSA အဝင်ဂိတ်

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်သည့် ဒေသ အတွင်း COVID-19 ကို ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှ စတင်ကာ ယာယီ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှစတင် ကာ အဝင်၊ အထွက် ဂိတ်များကို ယာယီ ကန့်သတ်လိုက်ကြောင်း ၊ ရောဂါ ထိန်းချုပ်နိုင်သည့်အပေါ် မူတည်ပြီး ကန့်သတ်သွားမည်ဖြစ်ကြောင်း လားရှိုး အခြေစိုက် UWSA ဆက်ဆံရေး ရုံး မှ ဦးညီရမ်း က ပြောသည်။

“ဘယ်နေ့ထိဆိုတာကတော့ COVID-19ရောဂါ ထိန်းချုပ်နိုင်တဲ့ပေါ်မူတည်မယ်။ ကျနော်တို့ “ ဝ” ဒေသကနေ ပြန်ထွက်လို့ရတယ်။ ပေးမဝင်တော့တဲ့သဘောပါ။ ဒါပေမယ့် “ဝ” ဒေသကလူဆိုရင်တော့ ဝင်လို့ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာ မှာ ၁၄ရက်တော့ စောင့်ကြည့်မယ်” ဟု ဦးညီရမ်း က ဆိုသည်။

လက်ရှိ “ ဝ” ဒေသ သည် တရုတ်ပြည် ယူနန်နှင့် နီးစပ်သည့်ဒေသ တခုဖြစ်သော်လည်း COVID-19 သံသယရှိလူနာမတွေ့ရှိသေးကြောင်း၊ ထိုရောဂါနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများကို အသိပညာအမြဲပေးနေကြောင်းလည်း ဦးညီရမ်း က ဆိုသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...