“ဝ” ဒေသ အဝင်အထွက် ယာယီ ကန့်သတ်

“ဝ” ဒေသ အဝင်အထွက် ယာယီ ကန့်သတ်
Photo by SHAN/UWSA အဝင်ဂိတ်
Photo by SHAN/UWSA အဝင်ဂိတ်

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်သည့် ဒေသ အတွင်း COVID-19 ကို ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှ စတင်ကာ ယာယီ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှစတင် ကာ အဝင်၊ အထွက် ဂိတ်များကို ယာယီ ကန့်သတ်လိုက်ကြောင်း ၊ ရောဂါ ထိန်းချုပ်နိုင်သည့်အပေါ် မူတည်ပြီး ကန့်သတ်သွားမည်ဖြစ်ကြောင်း လားရှိုး အခြေစိုက် UWSA ဆက်ဆံရေး ရုံး မှ ဦးညီရမ်း က ပြောသည်။

“ဘယ်နေ့ထိဆိုတာကတော့ COVID-19ရောဂါ ထိန်းချုပ်နိုင်တဲ့ပေါ်မူတည်မယ်။ ကျနော်တို့ “ ဝ” ဒေသကနေ ပြန်ထွက်လို့ရတယ်။ ပေးမဝင်တော့တဲ့သဘောပါ။ ဒါပေမယ့် “ဝ” ဒေသကလူဆိုရင်တော့ ဝင်လို့ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာ မှာ ၁၄ရက်တော့ စောင့်ကြည့်မယ်” ဟု ဦးညီရမ်း က ဆိုသည်။

လက်ရှိ “ ဝ” ဒေသ သည် တရုတ်ပြည် ယူနန်နှင့် နီးစပ်သည့်ဒေသ တခုဖြစ်သော်လည်း COVID-19 သံသယရှိလူနာမတွေ့ရှိသေးကြောင်း၊ ထိုရောဂါနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများကို အသိပညာအမြဲပေးနေကြောင်းလည်း ဦးညီရမ်း က ဆိုသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...