RCSS/SSA နှင့် အစိုးရ တပ် နေပြည်တော်တွင် တွေ့ဆုံမှုအပြီး တိုက်ပွဲ ပြန်ဖြစ်

RCSS/SSA နှင့် အစိုးရ တပ် နေပြည်တော်တွင် တွေ့ဆုံမှုအပြီး တိုက်ပွဲ ပြန်ဖြစ်
Photo by Tai Freedom/ facebook
Photo by Tai Freedom/ facebook

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ မတ်လ ၂၅ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းတွင်  တိုက်ပွဲ နာရီဝက်ခန့်အကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီနေ့ (မတ် ၂၅) မနက် ၈နာရီခွဲမှာ ဖြစ်တာပါ။ မိုင်းတုံ အခြေစိုက် အစိုးရ တပ်ရင်း ၃ခု က ကျနော်တို့ရှိတဲ့နေရာကို သတင်းမပို့ဘဲ ဖြတ်လို့ပါ” ဟု ဆိုသည်။

မတ်လ ၁၅ ရက်က နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပွါးသော တိုက်ပွဲဖြစ်ကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

မိုင်းတုံ အခြေစိုက် အစိုးရ တပ်မတော် ၃ ခုမှာ ခမရ ၅၁၉၊ ခလရ ၂၂၅ နှင့် ၂၇၇ တို့ဖြစ်ကြောင်း သိရသည် ။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး ဗိုလ်မှူးစိုင်းခမ်းစံက“ မိုင်းတုံမှာ ရှိတဲ့ ကျနော်တို့ ဆက်ဆံရေး နဲ့ အစိုးရ တပ်က ဆက်ဆံရေး ရုံး အချင်းချင်း ဆွေးနွေးညှိနှိုင်းသွားမယ်။ အဆင်မပြေရင်တော့ နေပြည်တော်ထိ တက် ဆွေးနွေးရမယ်”ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးကြောင်းလည်း ဗိုလ်မှူးစိုင်းခမ်းစံက ဆက်လက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးကို သျှမ်းသံတော်ဆင့်က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ရက်အထိ RCSS/SSA နှင့် အစိုးရ တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးနှင့် မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မိုင်းကိုင်မြို့နယ်အတွင်းရှိ RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တပ်စခန်း ဆုတ်ခွာပေးခဲ့ရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...