မြန်မာနယ်စပ်ဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာ ဝင်ရောက်ခွင့် ယာယီ ပိတ်

မြန်မာနယ်စပ်ဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာ ဝင်ရောက်ခွင့် ယာယီ ပိတ်
Photo by ThaiPBS North /Facebook
Photo by ThaiPBS North /Facebook

လက်ရှိ Covid-19 အဆုတ်ရောင် ကူးစက်မြန် ရောဂါ၊ ပြည်ပ မှ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံခြားသားများ နယ်စပ် စစ်ဆေးရေးဂိတ်မှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက  မတ် ၁၉  ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

“ကျနော်တို့ တာချီလိတ်မှာတော့ ဒီနေ့ မတ် ၁၉  က စပိတ်တယ်။ အဓိက တတိယ နိုင်ငံသားတွေကို ပေးမဝင်တော့တာပါ။ ထိုင်းဘက်ကလည်း သူတို့ Entry Permit (ပြည်ဝင်ခွင့်လက်မှတ်) ထုတ်မပေးတော့ဘူး” ဟု တာချီလိတ်မှ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သို့သော် နယ်စပ်နေ နှစ်ဖက် ဒေသခံ ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခွင့် ( Border Pass) ဖြင့် ဝင်ရောက်ခွင့် ပေးထားကြောင်း သိရပြီး ဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာမှုများ၊ ကျန်းမာရေး စိစစ်မှုများ တင်းကြပ် ဆောင်ရွက် သွားမည်ဟုလည်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံသို့ပြည်ဝင်ခွင့် ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများ အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှသာ တည်ဆဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆက်လက် ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည် ဟုလည်း ထည့်သွင်းရေးသားထားသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ရှိ နယ်စပ်ဂိတ် များတွင် တရုတ်ပြည်သို့ အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တစ်ရက်လျှင် ၁သောင်းကျော် ရှိနေကြောင်းသိရသည်။

“ ကျနော်တို့ မူဆယ်နယ်စပ်ဂိတ်တွေလည်း ပိတ်စေချင်တယ်” ဟု မူဆယ် ဒေသခံ စိုင်းမောဝ် က ပြောသည်။

မြန်မာ-ထိုင်း နယ်စပ် ဝင်ထွက်သွားလာသည့်နေရာတွင် တင်းကြပ်စွာ ဆောင်ရွက်မှု ရှိသကဲ့သို့ မြန်မာ- တရုတ် နယ်စပ် ဂိတ်များတွင် စည်းကမ်းတင်းကြပ်မှု မရှိကာ ဝင်ထွက်သွားလာနေမှု များနေကြောင်းလည်း စိုင်းမောဝ် က ဆိုသည်။

ထိုင်းနိုင်ငံ ဘက်မှ EP( Entry Permit) ပြည်ဝင်ခွင့် လက်မှတ်ဖြင့် တာချီလိတ်မြို့သို့ဝင်လာသည့် တရုတ်နိုင်ငံသား ၅၃၇ ဦး၊ တာချီလိတ်တွင် သောင်တင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံရသည့်သူ မရှိသေးသော်လည်း Covid-19 စောင့်ကြည့်လူနာ သေဆုံးမှု ၅ဦး ရှိခဲ့ရာ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ ဆေးရုံတွင် Covid-19 စောင့်ကြည့်ခံရ လူနာ တစ်ဦး သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါ တွေ့ရှိသူ ၂၇၂ ဦးရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...