လားရှိုး - သီပေါလမ်းတွင် တပ်မတော် တင်းကြပ်စွာ စစ်ဆေးနေ

လားရှိုး - သီပေါလမ်းတွင် တပ်မတော် တင်းကြပ်စွာ စစ်ဆေးနေ
ခရီးသွားကားများကို တပ်မတော်မှ တင်းကြပ်စွာ စစ်ဆေးနေသည့် နေရာ
ခရီးသွားကားများကို တပ်မတော်မှ တင်းကြပ်စွာ စစ်ဆေးနေသည့် နေရာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုး - သီပေါ ကားလမ်းပေါ် တွင်  ခရီးသွား ပြည်သူများကို အစိုးရတပ်မတော်က တင်းကြပ်စွာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့  မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ စတင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဆေးရေး တင်းကြပ်လာခြင်းဖြစ်သည် ဟု သျှမ်းလူငယ်အဖွဲ့မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ လားရှိုး အဝင်မှာ စစ်တယ်။ အရင်က အဲ့နေရာမှာ ရဲနဲ့ မူးယစ်စစ်တာ။ အခု စစ်သားတွေ ပဲ စောင့်စစ်တယ်။ ကားတွေ လက်နက်တွေ ပါမှာ စိုးရိမ်လို့ စစ်တာနေမယ်” ဟု စိုင်းဟန် ကပြောသည်။

အစိုးရ တပ်မတော် ၏ စစ်သားများသည် ကားများတွင် လက်နက်များ ပါလာမည်ကို ကြောက်သဖြင့် တင်းကြပ်စွာ စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထို စစ်ဆေးမှုသည် ယခင်က မရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဆေးလာခြင်းဖြစ်ကြောင်း စိုင်းဟန် က ပြောပြသည်။

လားရှိုးသို့ဝင်မည့် ကားတိုင်း စစ်ဆေးခံရကြောင်း သိရသည်။

သီပေါမြို့သို့သွားမည့် ခရီးသည်အမျိုးသမီးတစ်ဦးက“ စစ်တာ တော်တော် ဆိုးတယ်။ ယောင်္ကျားလေးဆိုရင် ပိုစစ်တယ်။ သျှမ်းဖြစ်ရင် ပိုစစ်တယ်။ ဖုန်းတွေ၊ အိတ်တွေ စစ်တယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းမြောက် သွားလာမည့် ပြည်သူများအနေဖြင့် သတိထားကြရန်၊ ဖုန်းထဲလည်း စစ်ဆေးသည့်အတွက် မဖြစ်သင့်သည်ကို ဖြစ်မလာဖို့ အထူး သတိပြုကြရန် စစ်ဆေးခံခဲ့ရသူ ခရီးသွား အမျိုးသမီးက ပြောသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...