ကိုရိုနာကြောင့် ရပ်နေသည့် တရုတ်နယ်စပ် သစ်သီးစျေးကွက် ရောင်းအား ပြန်ကောင်းလာ

ကိုရိုနာကြောင့် ရပ်နေသည့် တရုတ်နယ်စပ် သစ်သီးစျေးကွက် ရောင်းအား ပြန်ကောင်းလာ

တရုတ်နိုင်ငံတွင် စတင်သည့် ကိုရိုနာကူးစက်မြန်ရောဂါကြောင့် သျှမ်း-တရုတ် နယ်စပ် ဂိတ်များတွင် သစ်သီးဝလံများ ရောင်းအားကျကာ ခေတ္တပိတ်သိမ်းထားရာမှ ရောင်းဝယ်အားပြန်ကောင်းလာကြောင်း သိရှိရသည်။

ယခု ရောင်းအား ပြန်မြင့်လာမှုကြောင့် ဖေဖေါ်ဝါရီလလယ်ပိုင်းမှ စ၍ ဖရဲသီးတင်ကား ၁၅၀ စီးအထက် ၊သခွားမွှေးတင်ကား ၁၀၀ စီးအထက် ရှိသည်ဟု သိရသည်။

ဖေဖေါ်ဝါရီနှောင်းပိုင်းမှ လကုန်ပိုင်းအထိ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် သစ်သီးဒိုင်၊ သစ်သီးဝလံစျေးတွင် တရုတ်နိုင်ငံမှ သစ်သီးများ ပြန်လည် ဝယ်ယူသောကြောင့် ပျက်နေသည့် သစ်သီးစျေး ရောင်းအား ပြန်ကောင်းလာသည်ဟု ဆိုသော်လည်း ယခင်ကဲ့သို့ စျေးမကောင်းသေးကြောင်း တာဝန်ခံများက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှုကြောင့် ဖေဖော်ဝါရီ ၇ မှ  ၂၀ ရက်အတွင်းမှာ သစ်သီးခြံပိုင်ရှင်၊ သစ်သီးပွဲရုံ ပွဲစားများ အရှုံးပေါ်ကြောင်း ကပ်ရောဂါ စတင်ချိန်မှ ယနေ့အထိ ဒေါ်လာ သန်း ၅၀ ထက်မနည်း ဆုံးရှုံးကြောင်း မူဆယ် သစ်သီးဈေး ဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောသည်။

ကျောက်ပွဲစား နန်းအေးပိန်းက “မြန်မာနိုင်ငံကလူတွေ တရုတ်ပြည် ပြန်ဝင်ပြီး အလုပ်လုပ်တာ သောင်းချီပြီးတော့ မရှိသေးပါဘူး။တရုတ်ပြည်ဘက်က လူတွေ ရောဂါကို ကြောက်နေတုန်းပါပဲ။ အဝတ်အစားရောင်းဝယ်ရေးကိုတော့ ပိတ်ထားတာ ကြာပါပြီ။ ခုထိ ပြန်မဖွင့်သေးပါဘူး” ဟုပြောသည်။

ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ပုံမှန်ကာလကဲ့သို့ နယ်ခြားဂိတ်တံခါး ဖွင့်ထားသော်လည်း တရုတ်အာဏာပိုင်များဘက်မှ ကြပ်မတ်စစ်ဆေးမှု အထူးပြုလုပ်နေကြောင်း၊ တရုတ်နိုင်ငံအတွင်း စက်ရုံများလည်း ပြန်မဖွင့်နိုင််သေးသည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

Photo Credit to မူစယ်သစ်သီးဒိုင် (ယိင်းယိင်း ရေးသားပေးပို့သည်)

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...