တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်းရမိ

တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်းရမိ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် စိုင်းရှဲန်ဝန်းထံမှ ကက်တမင်း(မူးယစ်ဆေး) အလေးချိန် ၉၀၀ ဂရမ်(ဒေသ ပေါက်ဈေး ၉၀သိန်း) သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ  သိရသည်။

စိုင်းရှဲန်ဝန်း နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းတွင် အမေရိကန် နိုင်ငံလုပ် M-16 သေနတ် ၁လက်၊ ကျည်အိမ် ၈ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 99 Luger ကျည် ၁၀၀ တောင့် ထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

သို့ဖြစ်၍ စိုင်းရှဲန်ဝန်းကို တာချီလိတ်မြို့ မရဲစခန်းက အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။



Photos by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...