အဲန် တိုင်းရင်းသားများ၏ ကျေးရွာ မီးလောင်၊ စားဝတ်နေရေး ခက်ခဲနေ

အဲန် တိုင်းရင်းသားများ၏ ကျေးရွာ မီးလောင်၊ စားဝတ်နေရေး ခက်ခဲနေ
Photo by ဒေသခံတစ်ဦး။ အဲန်နေထိုင်ကျေးရွာ မီးလောင်ပြီး ပျက်စီးသွားသည့် အိမ်များ
Photo by ဒေသခံတစ်ဦး။ အဲန်နေထိုင်ကျေးရွာ မီးလောင်ပြီး ပျက်စီးသွားသည့် အိမ်များ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်အတွင်း အဲန် တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ မီးလောင်မှု ဖြစ်ပွားကာ ဒေသခံတို့ စားဝတ်နေရေး အခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ရက်က ဝမ်အွန်ကျေးရွာ အုပ်စု၊ အန်ဝမ်မတ်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကာ အိမ်ခြေ ၆၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး လက်ရှိမှာ အဝတ်အစား၊ လူသုံးကုန် ပစ္စည်းများနှင့် ဆေးဝါးများ လိုအပ်နေကြောင်း မီးလောင်သွားသည့် နေရာသို့ လိုက်လံ ကူညီပေးနေသည့် နန်းနွမ်းခမ်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သက်ဆိုင်ရာကတော့ ကူညီပေးပါတယ်။ ဒီချိန်က အေးတဲ့ အချိန် ဆိုတော့ အိပ်ယာတွေ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ လိုအပ်နေသေးတယ်” ဟု နန်းနွမ်းခမ်းက ဆိုသည်။

ထိုမီးလောင်မှုကြောင့် လူဦးရေ ၃၆၀ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြောင်း နန်းနွမ်းခမ်း ကပြောသည်။ လက်ရှိတွင် တဲများ ဆောက်ကာ နေထိုင်ကြရကြောင်း၊ သက်ဆိုင်ရာက နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်းလည်း နန်းနွမ်းခမ်းက ပြောပြသည်။

Photo by ဒေသခံတစ်ဦး။ အဲန်နေထိုင်ကျေးရွာ မီးလောင်ပြီး ပျက်စီးသွားသည့် အိမ်များ

ဝမ်အွန်ကျေးရွာအုပ်စုသို့ ယာဉ်ဖြင့် မိုင်းခတ်မြို့မှ သွားရောက်ပါက အချိန် တစ်နာရီခန့် ကြာမြင့်သည်။

အဲန်လူမျိုးများသည် အဝတ်အစား အနက်ရောင်ကိုသာ ဝတ်ဆင်ကြသည့် လူမျိုးများ ဖြစ်သည့်အတွက် လက်ရှိမှာ သာမန် ဝတ်နေသည့် အင်္ကျီထက် ပိတ်စအနက်ရောင် လိုအပ်နေကြောင်း သိရသည်။

Photo by ဒေသခံတစ်ဦး။ အဲန်နေထိုင်ကျေးရွာ မီးလောင်ပြီး ပျက်စီးသွားသည့် အိမ်များ

Photo by ဒေသခံတစ်ဦး။ အဲန်နေထိုင်ကျေးရွာ မီးလောင်ပြီး ပျက်စီးသွားသည့် အိမ်များ

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...