၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦးအတွက်

၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦးအတွက်

အောင်ကိုဦး — ၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ၈၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် သူကြွယ်ကုန်းတွင် ရှိသည့် အာဇာနည်ဗိမာန်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အာဇာနည် ၁၇ ဦးအားရည်စူး၍ သံဃာတော် ၁၇ ပါး ကို ဆွမ်းကပ်ခြင်း အလှူကို ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ်နှင့် နိုင်ငံရေးအသင်းအဖွဲ့များ အရပ်ဖက် လူမှုအဖွဲ့အစည်း များ ကျောင်းသား အလုပ်သမား လယ်သမားအဖွဲ့အစည်းများက ကျဆုံးသွားခဲ့သူများကို အလေးပြုခြင်း၊ ပန်းခွေချခြင်းများ ပြုလုပ်ခဲ့သည်။

"မန္တလေးမြို့ရဲ့ အာဇာနည်တွေ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို မမေ့မလျော့စေဖို့အတွက် နှစ်ပတ်လည် ပွဲလုပ်တာပါ"ဟု ပွဲကျင်းပရေးကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်းကပြောသည်။

မန္တလေးမြို့တွင် ၁၃၀၀ ပြည့်နှစ်က ကိုလိုနီအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ကာ ရုပ်ကလာပ်များကို အိမ်တော်ရာ၌ပြည်သူ့ဈာပနအဖြစ်ထားရှိ၍ နေမျိုးမဟာသီဟသူရ ဘွဲ့ကိုပေးအပ်ခဲ့ကြသည် ။ ထို့နောက်ယခုနေရာ တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် အာဇာနည်(၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...