သေနတ်အတု၊ ဗုံးအတုဖြင့် CB Bank အတွင်း ဝင်လုသူကို မိပြီဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

သေနတ်အတု၊ ဗုံးအတုဖြင့် CB Bank အတွင်း ဝင်လုသူကို မိပြီဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
ရဲဇာနည်
ရဲဇာနည်

စိုးသူအောင်   — သေနတ်အတု၊ ဗုံးအတုဖြင့် မြောက်ဒဂုံရှိ CB Bank ကို ဝင်လုသည့်တရားခံဟုယူဆရသူ စိုးကျော်ကျော်အား ဖမ်းဆီးရမိပြီဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါ တရားခံဟုယူဆရသူမှာ အရေးကြီးငွေလိုအပ်နေသည့်အတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြောက်ဒဂုံ CB Bank ဘဏ်အတွင်း ထောင်ထားသော ဗုံးမှာ အတုဖြစ်ဟုဆို

၎င်းအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ (၇၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဟုလည်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၃၅)ရပ်ကွက်၊ ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်းသွယ်ထောင့်ရှိ CB Bank ၌ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်ပိုင်းက အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟု ယူဆရသော အရာ၀တ္ထုကို ချထားခဲ့ပြီး ငွေကျပ်သိန်း (၆၀၀)ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့မရဲစခန်းမှ (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး ၄ ရက် အကြာတွင် စိုးကျော်ကျော်ဆိုသူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...