စစ်ရှောင်စခန်းမှ ကလေးများအတွက် ပညာရေး မူဝါဒချမှတ်ပေးရန် တောင်းဆို

စစ်ရှောင်စခန်းမှ ကလေးများအတွက် ပညာရေး မူဝါဒချမှတ်ပေးရန် တောင်းဆို

သန်းထိုက်အောင် — စစ်ရှောင်စခန်းများကိုရောက်ရှိနေသည့် ကလေးများအတွက် ပညာရေး မူဝါဒချမှတ်ပေးရန် လိုအပ်နေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ် ခင်စောဝေက လွှတ်တော်တွင် ပြောသည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လာတာ ကာလ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး စဉ် အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ ခြင်းဖြစ် သည်။

“အစီရင်ခံစာမှာ သင်ယူမှုအခွင့် အလမ်းနည်းပါးပြီး ကျောင်းပညာရေးစနစ်ရဲ့ ပြင်ပလမ်းပေါ်ရောက်ကလေးများ၊ သဘာဝဘေးအန္တရာယ် ကျရောက် ဒေသနဲ့ မငြိမ်းချမ်းသော ဒေသများရှိကလေးများနဲ့ စပ် လျဉ်းပြီးတော့ ဆွေးနွေး ဆောင်ရွက်ခဲ့တယ် လို့ဖော်ပြထားပါတယ်။ ဒီအပေါ်မှာ အကြံပြု ဆွေးနွေး လိုပါတယ်။ အထူးသဖြင့်အမျိုးသားပညာရေးမူဝါဒ ကော်မရှင် အနေနဲ့ စစ်ဘေးအန္တရာယ် ကျ ရောက် နေတဲ့ ဒေသများက စစ်ရှောင် စခန်း တွေကို ရောက်ရှိနေတဲ့ ဒေသများက ကလေးတွေ အတွက် မူဝါဒ ချမှတ်ပေးဖို့လိုအပ်နေ ကြောင်းတင်ပြလိုပါတယ်” လို့ ဒေါ်ခင်စောဝေ က ပြောသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်ထဲရှိ ကျောက်တန်းအထက်တန်းကျောင်းတွင် တပ်မတော်က တပ်စွဲခဲ့သည့်အတွက် ယခုအချိန်ထိ ကျောင်းပိတ်ထား ရပြီး ကျောင်းသားတစ်ထောင်ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်ဟု ဒေါ်ခင်စောဝေကဆိုသည်။

အဆိုပါ ဆွေးနွေးချက်နှင့် ပတ်သက်ပြီး အသုံးအနှုန်းအချို့မှာ လွှတ်တော် ဥပဒေနှင့် မကိုက်ညီဟုဆိုကာ တပ်မတော်သား ကိုယ်စား လှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က မတ်တပ်ရပ်ကန့်ကွက်ခဲ့သလို လွှတ်တော်မှတ် တမ်းကနေ ပယ်ဖျက်ပေးရန်လည်း တောင်းဆိုခဲ့သည်။

“အစီရင်ခံစာပါအကြောင်းအရာနဲ့မသက်ဆိုင်ဘဲနဲ့ အလျဉ်းသင့်လို့ တင်ပြရရင်ဆိုတဲ့အပိုဒ်မှာ ပါတဲ့ ကျွန်တော်တို့ တပ်မတော် စစ်ကြောင်းများ ဟာ စာသင်ကျောင်းမှာ တပ်စွဲနေရာယူတယ်ဆိုတဲ့ အပိုဒ်ကို ဒီလွှတ် တော် မှတ် တမ်းက ပယ်ဖျက်ပေးဖို့နဲ့နောက်နောင်မှာမိမိရဲ့ဆွေးနွေးချက်ကို လွှတ်တော် မှာ ဆွေးနွေးတဲ့အခါမှာ နည်းဥပဒေ(၁၉)အရ တိုက်ရိုက် မသက် ဆိုင် တဲ့ အကြောင်းကိုမထည့်ဘဲနဲ့ ကြုံရ င် ကြုံ သလို ဒါမျိုး ထည့်ပြီး တော့မှ အခြားအဖွဲ့ အစည်း တစ်ခုခုကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုများ ကိုမသုံးဖို့ တားမြစ်ပေးပါလို့ နာယကကြီးကိုတင်ပြလိုပါတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်တွင် ပြောသည်။

တပ်မတော်အနေဖြင့် ကန့်ကွက်ပိုင်ခွင့်ရှိသည့် အတွက် ကန့်ကွက်ခြင်း ဖြစ်ပြီးသူမအနေဖြင့်လည်း ပြည်သူများ၏ လိုအပ်ချက်ကို ဆွေးနွေးရခြင်း ဖြစ်ကာ ပညာရေး မူဝါဒ ကော်မရှင် အနေဖြင့် ယခုဆွေးနွေးချက်ကို ထည့်သွင်း စဉ်းစားနိုင်စေရန် အပြုသဘောဆွေးနွေးခြင်းဖြစ်သည်ဟု ဒေါ်ခင်စောဝေက လွှတ်တော်နားချိန်တွင် မီဒီယာများကို ပြောသည်။

ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်များကို လုံးကောက် ပြန်လည် စစ်ဆေး ပြီးလျှင် မသင့်လျှော်သည့် အပိုင်း ၊ ဥပဒေနှင့် မညီသည့် အပိုင်းများကို ပြန်လည်နှုတ်ပယ်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန် မြတ်က လွှတ်တော်သို့ အသိပေးပြောကြားသည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...