ပြည်ထဲရေးဝန်ကြီးဌာနမှာ ဝန်ကြီးဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဆိုတာ ဘယ်သူလဲ

ပြည်ထဲရေးဝန်ကြီးဌာနမှာ ဝန်ကြီးဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဆိုတာ ဘယ်သူလဲ

ချမ်းငြိမ်း — ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အသစ်ခန့်မည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဆိုတာ ၂၀၀၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာအနီး ရဟတ်ယာဉ်ပျက်ကျမှုတွင် ကွယ်လွန်သွားသည့် ဗိုလ်မှူးချုပ် လွန်းမောင်၏သားဖြစ်သည်။

မန္တလေးမြို့တွင် ၁၉၆၀ ခုနှစ် ၊ မတ်လ ၂၉ရက်မှာ မွေးဖွားသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ လက်ရှိမှာ အသက် ၅၉နှစ်နှင့် ၁၀ လအရွယ်ရှိနေပြီး အသက် ၆၀ ပြည့်ဖို့ ၂လခန့်သာ လိုတော့သည်။ မဟာဝိဇ္ဇာ (ကာကွယ်ရေးပညာ)ဘွဲ့ နှင့် သိပ္ပံဘွဲ့ (ရူပဗေဒ)များ ရရှိထားသူလည်းဖြစ်သည်။

ဗိုလ်လောင်းသင်တန်းအမှတ်စဉ် - ၆၄ မှ သင်တန်းဆင်းဖြစ်ပြီး တပ်မတော်တွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူနေသူဖြစ်သည်။

ဗိုလ်မှူးကြီးတင်မောင်ဦး(ငြိမ်း)က ‘ရန်ကုန်တိုင်းမှာ အတူ ဆုံဖူးပါတယ်။ အရည်အချင်းရှိတဲ့သူ တစ်ယောက်ပါ။ မကောင်းသတင်းတော့ သိပ် မကြားမိဘူး။ တပ်မတော်မှာ နာမည်ပျက် မရှိတဲ့သူပါ။အရည်အချင်းရှိလို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာတာပေါ့ ‘ဟု ပြောသည်။

 

လစ်လပ်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီးရာထူးနေရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်မှ ပေးပို့လာသော တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ပုဒ်မခွဲ(ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ၁၂ ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ထံမှအဆိုတင်ပြလာသော ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်း(သို့မဟုတ်) ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် ကြောင်း အဆိုတင်သွင်းခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၁ဝရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း လွှတ်တော်နာယကက ပြောကြားထားသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက`စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဆိုတော့ ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့ဌာန ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းလုံခြုံရေးတာဝန်ရှိတာဆိုတော့ လုပ်ငန်းချင်းဆက်စပ်နေလို့ ခန့်တယ်လို့တော့ ယူဆပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲလည်းရှိတယ်။ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်မယ့် ကာလလည်းဖြစ်တဲ့အတွက် လုံခြုံရေးကို အထူး ဂရုစိုက်တဲ့ကာလဖြစ်တဲ့အတွက် အတွေ့အကြုံရှိတဲ့သူကို ပြောင်းလဲခန့်အပ်တာဖြစ်မယ်လို့ သုံးသပ်မိပါတယ်’’ဟု မဇ္ဈိမသို့ ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တွင် သား(၃)ဦးရှိပြီး အားလုံးက ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ကြသည်။

လက်ရှိတွင် ရာဇသင်္ဂဟအိမ်ယာ(၂)ရပ်ကွက်၊ ကျွန်းချောင်း(၂)လမ်း ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်မှာနေထိုင်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီ းတာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအား မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ကို ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၄ရက်တွင် ထုတ်ပြန်ထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ( ညာ)

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...