ဈေးဝယ်စင်တာများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည့် ဝူဟန်မြို့

ဈေးဝယ်စင်တာများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည့် ဝူဟန်မြို့

လာဘ်ရတနာဗိုလ် —  ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင် ယခုအခါ၌ ဈေးဝယ်စင်တာများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း တရုတ်နိုင်ငံဝူဟန်မြို့သို့ ရောက်ရှိနေသည့် ဘေကျင်းအခြေစိုက် မြန်မာ သံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းကပြောသည်။

ဘေကျင်းအခြေစိုက် မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက "ဒီဘက်မှာ မြို့ထဲမှာ ဆိုင်တွေလည်းဖွင့်တယ်။ တစ်ချို့လူအသွားအလာလေးတွေရှိတယ်။ စူပါမားကတ်တွေကတော့ဖွင့်တယ်။ Public transportation မရှိတာကလွဲလို့ပေါ့နော် တချို့ private ကားတွေရှိတယ်။ ဌာနဆိုင်ရာကကားတွေ သွားတာရှိတယ်။ တော်တော်များများကတော့ ဈေးဝယ်တဲ့အချိန်လောက်ပဲ အပြင်ထွက်ကြတာပေါ့နော်။ ဒါက သူတို့လည်းရောဂါ ထိန်းချုပ် ရေး အစီအစဉ်ကြောင့်ပေါ့။ ဖြစ်နိုင်သမျှလူစုဝေးတာကိုရှောင်တဲ့အတွက် အများသောအားဖြင့်အိမ်ထဲမှာပဲ နေကြတာများတယ်။ ဈေးဝယ်ထွက်တဲ့သူတွေတော့ရှိတယ်။ ဈေးဆိုင်တွေဖွင့်တယ်"ဟုဆိုသည်။

ဈေးဝယ်စင်တာများအား ယခင်ကကဲ့သို့ အချိန်အများကြီးဖွင့်လှစ်ပေးတာမျိုးမဟုတ်ဘဲ (တရုတ်နိုင်ငံစံတော်ချိန်)  နံနက် ၈နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

"ပုံမှန်ပဲ လုဝယ်တာမျိုး အဲ့လောက်ထိ အစားအသောက်ပျက်နေတာမျိုးမရှိဘူးဗျ။ လက်ရှိ ၂နေရာလောက်ကျွန်တော်တွေ့တယ်။ အဲ့ဒီနေရာတွေမှာတော့ ပုံမှန်ပဲ ဝယ်ခြမ်းသွားလာနေတာရှိတယ်။ လုဝယ်နေရတာမျိုးတော့ မရှိဘူး။ အဲ့ဒါတော့ သေချာတယ်ဗျ"ဟု ၎င်းကဆိုသည်။

ဦးစိုးပြည့်ဝင်းသည်  မြန်မာကျောင်းသားများအား  ခေါ်ဆောင်ဖို့အတွက်ဝူဟန်မြို့ကိုသွားရောက်ခဲ့ရတာဖြစ်ပြီး ၁၄ ရက် ကြာကျန်းမာရေးအခြေအနေစောင့်ကြည့်ပြီးမှသာ ဘေကျင်းကိုပြန်ခွင့်ရမည်ဖြစ်သည်။

ဝူဟန်မြို့တွင် ကူးစက်ခံရသူများရှိသကဲ့သို့ ရောဂါပျောက်ကင်းသည့်သူများလည်းရှိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၁၉ ဒီဇင်ဘာလလယ်၌ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခုလက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၈နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူ ဦးရေ ခြောက်ရာကျော်ရှိနေကာ ကူးစက်ခံရသူ သုံးသောင်းကျော်ရှိနေပြီဖြစ်သည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...