ရသေ့တောင် ဆောက်ခတ်ရွွာတွင် ကျည်ထိမှန်၍ နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

ရသေ့တောင် ဆောက်ခတ်ရွွာတွင် ကျည်ထိမှန်၍ နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

သန့်မြတ်ခိုင် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ရွာတွင် လက်နက်ကြီးကျည်စ ထိမှန်၍ နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ဒေါ်မဘုံကြီး(၇၀)နှစ်နှင့် ဒေါ်ဆန်းခင်ချေ(၂၈)နှစ် တို့ဖြစ်ကြောင်း ဆောက်ခတ်ကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ ၂ ဦးထဲတွင် ဒေါ်မဘုံကြီးမှာ ရေမျက်ရွာဇာတိဖြစ်ပြီး ဆောက်ခတ်ရွာတွင် တိုက်ပွဲကို ကြောက်၍ ခိုလှုံနေစဉ် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းလူကြီးက ဆိုသည်။

ဒေါ်ဆန်းခင်ချေမှာ ကျောက်ရံ ကျေးရွာဇာတိဖြစ်ပြီး ဆောက်ခတ်ရွာမှ ဦးစိုးတင်လှိုင်နှင့် အိမ်ထောင်ကျနေသူ ဖြစ်ပြီး သူမ၏ မျက်နာကို ယမ်းငွေ့ဟပ်သွား ကြောင်း သိရသည်။

ဆောက်ခတ်ကျေးရွာသား ဦးမောင်ပုဆိုသူက “ ဒေါ်မဘုံကြီးက ဆောက်ခတ်ရွာ မှာလာပြီး စစ်ဘေးရှောင်နေတာ။ သူတို့ ရောက်နေတာ ၉ ရက် ၁၀ ရက်လောက်တောင်ရှိနေပြီထင်တယ်။ ညောင်ပင်လှကို စစ်သားတွေရောက်ကတည်းက ရေမျက်ကထွက်ပြေးလာပြီး ဒီမှာ စစ်ဘေးရှောင် နေတာ။ မေယူ မြစ်ထဲကနေပြီးပစ်တာ။ ရေယာဉ်ပေါ်က လက်နက်ကြီးလို့ ထင်ရတယ်။ တစ်ဒိုင်းဒိုင်းနဲ့ ဘုရားကိုး မရ၊ တရားကိုးမရ ပစ်နေတာ။ ပစ်ပြီး တန့်သွားတဲ့အချိန်မှာ အဲဒီ အဖွားကြီးဆီမှာ ညာဖက် ပခုံးကို ကျည်ဆံအစ စူးဝင်သွားတယ်။  နောက်ထပ် ငါတို့ရွာမှာ အိမ်ထောင်ကျနေတဲ့ မိန်းကလေး တစ်ယောက်က မဆန်းခင်ချေ၊ အဲဒီမိန်းကလေးမှာ မျက်လုံးနားက ကျည်ဆံ ဖြတ်သွားလို့ ယမ်းဟပ်သွားတယ်။ ဒဏ်ရာတော့မရ မျက်လုံး စပ်တယ်လို့ပြောတယ် ” ဟု နိရဥ္စရာ သတင်းဌာန သို့ ပြောသည်။

ဖေဖော်ဝါရီ၆ ရက် ညနေ ၆ နာရီခွဲခန့်က ထိုသို့ပစ်ခတ်သံများကို  ကြားခဲ့ရသည်ဟု ကျေးရွာသားများက ပြောဆိုသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ပခုံးတွင်ဒဏ်ရာ ရရှိသွားသည့် အရွယ်အိုဒေါ်မဘုံကြီးမှာ အသက် အရွယ်ကြီးရင့်နေပြီ ဖြစ်သဖြင့် အလုပ်မလုပ်နိုင်သည်သာမက မသွားနိုင်၊ မလာနိုင်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့မှ ကျေးရွာသား ၅၀ ခန့်သည် တိုက်ပွဲကို ကြောက်၍  ရသေ့တောင် မြို့ပေါ် ရွှေပါရမီ ဘုန်းတော်ကြီး ကျောင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည်ဟု  ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...