သီပေါမြို့နယ် လူငယ်တစ်ဦး သေနတ်ပစ်ခံရ

သီပေါမြို့နယ် လူငယ်တစ်ဦး သေနတ်ပစ်ခံရ
Photo by နမ့်မ ဒေသခံ တစ်ဦး၊ သေနတ်ပစ်ခံရသည့် နမ့် မဒေသခံ လူငယ်တစ်ဦး
Photo by နမ့်မ ဒေသခံ တစ်ဦး၊ သေနတ်ပစ်ခံရသည့် နမ့် မဒေသခံ လူငယ်တစ်ဦး

Nang Seng Nom — သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာတွင် သေနတ်ပစ်ခံရသည့် အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

“လွန်ခဲ့တဲ့ ၃ ရက်နေ့က ပျောက်သွားတာ။ မနေ့ကတော့ သူ့ရုပ်အလောင်းကို တွေ့ရတယ်။ ဦးခေါင်းမှာ ကျည်ဒဏ်ရာရတယ်။ ဘယ်သူက ပစ်တယ်ဆိုတာ မသိဘူး” ဟု နမ့်မ ဒေသခံ လူငယ်အဖွဲ့မှ  စိုင်းထွန်းက ဆိုသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့က စတင် ပျောက်ဆုံးနေသူ စိုင်းအောင်လူ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂ရက်နေ့ နံနက် ၁၀နာရီခွဲက နမ့် မကျေးရွာနှင့် တစ်မိုင်ကျော်ခန့် ဝေးသည့်နေရာတွင် ကျည်ဆံ ဒဏ်ရာဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း စိုင်းထွန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“သူက ဖရဲသီးခြံ သွားစောင့်တာ။ အိမ် မပြန်လာတာ ၃ရက်ရှိတော့ အိမ်က လူတွေ စိတ်ပူပြီး သွားရှာကြတာ။ အဲဒီမှာ သူ့အလောင်းကို တွေ့ရတာပဲ။ အဲဒီနေရာမှာပဲ မြေမြှုပ်လိုက်တယ်” ဟု စိုင်းထွန်းက ဆိုသည်။

စိုင်းအောင်လူသည် အိမ်ထောင်သည်ဖြစ်ပြီး ကလေး မရသေးကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူငယ်ဖြစ်ကြောင်းလည်း နမ့်မ ဒေသခံ ပြည်သူများက ပြောဆိုသည်။

နမ့်မ ဒေသခံ စိုင်းလှမောင်က “သူက အေးတယ်။ မူးယစ်ဆေး မသုံးဘူး။ တောထဲမှာ ပစ်ခံရတော့ လူမှား ပစ်တာလား မသိဘူး။ ဘယ်သူ လာပစ်သွားလဲ မသိဘူး” ဟု ပြောသည်။

အဆိုပါကျေးရွာအုပ်စုသည် ကျောက်မီးသွေး တူးဖော်သည့် နေရာဖြစ်ပြီး ယင်းအပေါ် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...