ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူစားလဲမည်

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူစားလဲမည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

သန်းထိုက်အောင် —  ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ထမ်းဆောင်ရန် အတွက် ပြန်ခေါ်ပြီး ၎င်းနေရာတွင် အခြားတစ်ယောက်ကို အစားထိုးခန့်ထားရေးအတွက် သမ္မတဆီ တင်ပြထားသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော် ဌေးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားသူဖြစ်ရာ ယခု အသက် ၆၁ နှစ် ရှိပြီ ဖြစ်ကာ အငြိမ်းစားပေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မူလစစ်ဘက်တာဝန်များကို ထမ်းဆောင်ရန် ပြန်ခေါ်သည်ဟု သမ္မတရုံး တာဝန်ရှိသူကပြောပြီး မည်သူကို အစားထိုး ခန့်မည်ဆိုသည့်ကိစ္စအတွက် သတင်းထုတ်ပြန်မှုကို စောင့်ကြည့်ရန်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည်ဟု ပြဌာန်းထားသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အမြဲတမ်းနီးပါးတွေ့ရပြီး တရုတ်သမ္မတခရီးစဉ်တွင် MOU လက်မှတ်များ လဲလှယ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဓာတ်ပုံများ ပေါ်ထွက်ခဲ့သေးသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...