၂၀၁၉ တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါး ဝင်ရောက်လာ

၂၀၁၉ တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါး ဝင်ရောက်လာ
ပြည်ပခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော သံဖြူဇရပ်သေမင်းတမန်မီးရထားလမ်းပြတိုက် (MOI)
ပြည်ပခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော သံဖြူဇရပ်သေမင်းတမန်မီးရထားလမ်းပြတိုက် (MOI)

အဂ္ဂနွန် — ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ဝင်ရောက်လာသော ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါးခန့် ရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သတင်းရရှိသည်။

ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသည်များအနက် ထိုင်းနိုင်ငံ အများဆုံးဖြစ်ပြီး ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှာ ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရှိနေသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း ဧည့်သည်ဝင်ရောက်မှု ဦးရေ ၂,၆၃၄,၉၅၀ ဦး နှင့် ပြည်ပ ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁၇၇,၃၀၆ ဦး ရှိပြီး ၂၀၁၈ ခုနှစ်ထက် ရှစ်သိန်း နှစ်သောင်း လေးထောင်ကျော် တိုးလာကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။

၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁,၇၉၄,၃၀၆  ဦး နှင့် ပြည်ပ ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁၉၃,၆၁၄ ဦး ရှိခဲ့သည်။

မွန်ပြည်နယ်သို့ လာရောက်သောဧည့်သည်များအနေဖြင့် ကျိုက်ထီးရိုးနှင့် သမိုင်းဝင်ဘုရား စေတီပုထိုးများ၊ မော်လမြိုင်မြို့ပေါ်နှင့် ဘီလူးကျွန်း၊ ကျိုက်မရောမြို့နယ် ခရုံဂူ၊ သံဖြူဇရပ်မြို့နယ်ရှိ အထင်ကရနေရာများ၊ ကျိုက္ခမီ၊  စက်စဲကမ်းခြေ၊ ရေးမြို့နယ်ရှိ ကဗျာဝ၊ ဘုရားတောင်ပင်လယ်ဝ အပန်းဖြေစခန်းကမ်းခြေများသို့ အဓိကသွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ပခရီးသည်များ သွားလာမှုအဆင်ပြေစေရေးအတွက် ဘီးလင်းမြို့နယ်အတွင်း တောင်ကြီးကျေးရွာအနီးရှိ ကေလာသတောင်၊ မဲလံကျေးရွာအနီးရှိ ကျောက်ပိဘုရားနှင့် ကျောက်တံခါးစေတီ၊ သထုံမြို့နယ်အတွင်း နန်းခဲရပ်ကွက်ရှိ မြသပိတ်စေတီ၊ သံဖြူဇရပ်မြို့နယ်အတွင်း ဝဲကလိရေပူစမ်း၊ ပငဆားကွင်း၊ သေမင်းတမန်ရထားလမ်းပြတိုက်၊ မဟာမိတ်စစ်သင်္ချိုင်း၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့ကို မွန်ပြည်နယ်အတွင်း ကန့်သတ်နယ်မြေအဖြစ်မှ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်ကတည်းက ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ်တွင် ခရီးလှည့်လည်ရေးကုမ္ပဏီ ၉ ခု ရှိပြီး ဟိုတယ် ၃၆ လုံး၊ နိုင်ငံခြားသားများ တည်းခိုနိုင်မည့် တည်းခိုခန်း ၊ မိုတယ် ၂၂ လုံးရှိပြီး စုစုပေါင်း အခန်းပေါင်း ၂၀၅၉ ခန်းရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...