မင်းပြားမြို့နယ်တွင် ထင်းခွေသွားစဉ်မိုင်းပေါက်ကွဲ၍ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးဒဏ်ရာရ

မင်းပြားမြို့နယ်တွင် ထင်းခွေသွားစဉ်မိုင်းပေါက်ကွဲ၍ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ထိန်ပင်အုပ်စု၊ ရွှေကျန်ကျေးရွာတွင် ထင်းခွေသွားစဉ် မိုင်းပေါက်ကွဲ၍ ကလေးငယ် ၃ ဦး အပါအဝင် ၈ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်

ရွှေကျန်ကျေးရွာသား တစ်ဦးက “ မိုင်းပေါက်တာက  ဇန်န၀ါရီ ၁၉ ရက်  နံနက် ၁၀ နာရီကျော်မှာပါ။ ရွာအရှေ့က တောင်တန်းကို ထင်းခွေဖို့သွားတာမှာ ပေါက်ကွဲတာပါ။ ရှစ်ဦးဒဏ်ရာရပါတယ်။ ကလေးငယ် သုံးဦး၊ အမျိုးသမီးငယ် နှစ်ဦးနဲ့ အမျိုးသမီးကြီး သုံးဦး၊ စုစုပေါင်း ရှစ်ဦးဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ သူတို့ကို ပန်းမြောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသနေရပြီး ယောင်္ကျားလေး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ မောင်သိန်းလင်းချေ (၁၃) နှစ်၊ မောင်စိုးနိုင်လင်း (၁၂) နှစ်၊ မောင်ချစ်ဦး (၁၂) နှစ်၊ မခိုင်ခိုင်ဝင်း (၂၁) နှစ်၊ မဝင်းဝင်းသန်း (၂၃) နှစ်၊ ဒေါ်မအေးညွှန့် (၇၃) နှစ်၊ ဒေါ်မကျော့ဦး(၄၇) နှစ်နှင့် ဒေါ်ဆန်းမျှနု (၄၂) နှစ်တို့ ဖြစ်ကြသည်။

“ အဲဒီအထဲက မောင်သိန်းလင်းချေနဲ့ မောင်ချစ်ဦးတို့က ဒဏ်ရာပြင်းတယ်လို့ သိရပါတယ်။ မိုင်းပေါက်တာဆိုတော့ ခြေထောက်အောက်ဖက်ကို ထိတာများပါတယ်။ အခု ပန်းမြောင်းဆေးရုံမှာ ကုသနေရပါတယ်။ လူနာ အခြေအနေတွေက ပန်းမြောင်းတိုက်နယ်ဆေးရုံကို မေးကြည့်ရင် အသေးစိတ် သိနိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ထိန်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ မှန်ကန်ပြီး ရွာသား ရှစ်ဦး ဒဏ်ရာရရှိကြောင်း၊ အသေးစိတ်ကိုတော့ သူ့အနေဖြင့် အဝေးသို့ ရောက်နေ၍ မသိရှိရသေးကြောင်း ပြောကြားသည်။

ပန်းမြောင်းရပ်ဖိ ရပ်ဖ တစ်ဦးကလည်း ရွှေကျန်ရွာမှ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူ ၈ ဦးရောက်ရှိနေကြောင်း၊ အခြေအနေကို သိရှိရန် ဆေးရုံသို့သွားနေကြောင်း ပြောကြားသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...