မွန်အမျိုးသားနေ့အကြို မေတ္တာမာရသွန် အပြေးပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ

မွန်အမျိုးသားနေ့အကြို မေတ္တာမာရသွန် အပြေးပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုတိုင်းရင်းသားအပေါ်တို့၏ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးကိုဦးတည်လျက် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) မှ ဇန်နဝါရီ ၁၈ ရက် နံနက်စောစောပိုင်းတွင် ရန်ကုန်မြို့၌ မေတ္တာမာရသွန် (Mini) အပြေးပြိုင်ပွဲကျင်းပခဲ့ရာ လူငယ်အင်အား ၄၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြသည်။

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) တွဲဖက်အတွင်းရေးမှူး(၁) မင်းခိုင်လင်းထွန်းက “ဒီပွဲကို ရည်ရွယ်ချက် ၃ ရပ်နဲ့ကျင်းပတာဖြစ်တယ်၊ ပထမအချက်က ရန်ကုန်မြို့မှာကျင်းပတဲ့ ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုတယ်၊ ဒုတိယအချက်က မငြိမ်းချမ်းသေးတဲ့ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုစေဖို့ရယ် တတိယအချက်က မွန်တို့ရဲ့မူရင်းဒေသဖြစ်တဲ့ရန်ကုန်မြို့မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရရှိဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု ဆိုသည်။

မွန်တက္ကသိုလ်ကျောင်းသားများ၊ မွန်လူငယ်များ၊ မွန်အနုပညာရှင်များ၊ အခြားတိုင်းရင်းသားများနှင့် အားကစားမောင်မယ်များက ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မွန်ပိဋကတ်တိုက်မှ နံနက် ၄ နာရီအချိန်တွင် တာစထွက်ပြီး အလံပြဘုရားလမ်းကိုပတ်၍ ၄ မိုင်ခန့်ဝေးကွာသည့်ပတ်လမ်းကို ပြေးရခြင်းဖြစ်သည်။

မေတ္တာမာရသွန်ပြိုင်ပွဲ ပထမဆုရ မင်းအောင်ထွန်းနိုင်က “ထိပ်ဆုံးက ပန်းဝင်တော့ အတိုင်းမသိ ပျော်တာပေါ့၊ နောက်နှစ်တွေမှာလည်း ဒီမွန်စာပေနဲ့ ယဉ်ကျေးမှုကော်မတီကနေပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ မာရသွန်ပြေးပွဲလိုမျိုး အားကစားပြိုင်ပွဲတွေ များများထည့်သွင်းပေးစေချင်တယ်” ဟု ဆိုသည်။

အလားတူ (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို မာရသွန် (Mini) အပြေးပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပရန်နှိုးဆော်ထားပြီး ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် http://minimarathon.meaorg.com (သို့မဟုတ်) ကျင်းပရေးကော်မတီထံသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

မွန်ပြက္ခဒိန်အရ တပို့တွဲလပြည့်ကျော်(၁) ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ထားပြီး ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင်ကျရောက်မည်ဖြစ်ရာ ရန်ကုန်၊ မော်လမြိုင်နှင့် မွန်လူမျိုးများနေထိုင်ကြသော မြို့ပြကျေးရွာများအပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု သတင်းရရှိသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...