စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လဝက ၏ လုပ်ငန်းစဉ်များကို နယ်စွန် ဒေသခံ ၉၀ ရာခိုင်နှုန်းမှ နားမလည်ဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လဝက ၏ လုပ်ငန်းစဉ်များကို နယ်စွန် ဒေသခံ ၉၀ ရာခိုင်နှုန်းမှ နားမလည်ဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ၏ လုပ်ငန်းစဉ်များအပေါ် ဒေသခံတိုင်းရင်းသားများအနေဖြင့် သိရှိနားလည်မှုအခြေအနေနှင့်ပတ်သက်ပြီး သုတေသနစာတမ်းကို Chindwin Institute မှ ပြုစုခဲ့ရာ နားမလည်မှု ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယခုသုတေသနဆောင်ရွက်မှုကို ကလေး၊ တမူး၊ လဟယ်၊ ရှမ်းနီ၊ ခန္ဒီးမြို့များအပါအဝင် (၉) မြို့နယ်မှ ဒေသခံတိုင်းရင်းသားများထံမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

Chindwin Institute ဒါရိုက်တာ ဦး ကျော်မိုးလှိုင်က “သူတို့ဘာကြောင့် မသိသလဲဆိုတော့ တိုင်းရင်းသားအချို့တွေက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေကြတယ်၊ တစ်ချို့ဆိုရင် ဆေးရုံတွေဝေးတော့ ကိုယ့်ဟာနဲ့ကို ကလေးမွေးကြတယ်၊ သူတို့အနေနဲ့ မွေးစာရင်းတွေယူဖို့က တော်တော်ခက်ခဲကြတယ်၊ မှတ်ပုံတင် ဘယ်လိုလုပ်မလဲ၊ အိမ်ထောင်စုကို ဘယ်လိုခွဲရမလဲ၊ အဲလိုမျိုးမှာ သက်ဆိုင်ရာဌာနရဲ့ အသိပညာပေးမှု အားနည်းနေတယ်၊ ဆိုတော့တိုင်းရင်းသာတွေက မသိနိူင်ဘူး၊ နောက်တစ်ခုက ဘာသာစကားက ဗမာလိုပြောတဲ့ချိန်မှာ နားမလည်တဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။

Chindwin Institute ၏ စစ်တမ်းကောက်ယူချက်များအရ အဓိကအားဖြင့် ဘာသာစကား နားမလည်မူကြောင့် မှတ်ပုံတင်ပြုလုပ်ရာတွင်လည်း အမည်အမှားများပိုများလာပြီး အနာဂတ်တွင် ပြည်သူများအခက်ကြုံနိုင်ကြောင်း သူကသုံးသပ်သည်။

Chindwin Institute ဒါရိုက်တာ ဦး ကျော်မိုးလှိုင်က “ကလေးမြို့လိုမျိုးမှာဆိုရင် နာမည်ရေးတာမှားတာများတယ်၊ ဥပမာ အနေနဲ့ကတော့ လားထန်(Lal Thang) ကို (လာလ်ထန်၊ လားထန်) လိုမျိုးပေါ့၊ သူတို့အဲတာကို ကိုထင်သလိုရေးတော့ နိုင်ငံခြားထွက်တဲ့ချိန်ဖြစ်ဖြစ်၊ ကျောင်းတက်တဲ့အချိန်မျိုးမှာ အများကြီးပြသနာကြုံရတယ်၊ ပြီးတော့ပွင့်ပွင့်လင်းလင်းပြောရရင် မှတ်ပုံတင်လုပ်တဲ့ ပွဲစားတွေတောင် ရှိနေတယ်၊ သူတို့လုပ်တဲ့ အချိန်စကားလုံး အမှားတွေများတယ်၊ ဒါတွေကို သက်ဆိုင်ရာပဲဖြစ်ဖြစ်၊ အရပ်ဖက်အဖွဲ့အစည်းကပဲဖြစ်ဖြစ် သိအောင်လုပ်ဖို့လိုတယ်” ဟုပြောသည်။

အိမ်ထောင်စုစာရင်းတွင် အမည်မှားယွင်းစွာပါနေသူတစ်ဦးက “ကျွန်တော်လည်း တက္ကသိုလ်ဝင်တန်းအောင်ထိ အသက်မပြည့်လို့ မှတ်ပုံတင် မလုပ်ဖြစ်ဘူး၊ အခုကျွန်တော် လုပ်တဲ့ချိန်မှာ အိမ်ထောင်စု စာရင်းက ကျွန်တော့်အမည်နဲ့ ကျောင်းအမည်က မတူတော့ ဟိုပြေးဒီပြေးပြန်လုပ်နေရတယ်၊ ကျောင်းကနာမည် လက်ခံနိုင်အောင် အဖေနာမည်ကို (ခ) ပြန်ရေးထည့်ပြီး လုပ်လိုက်ရတယ်” ဟု ပြောသည်။

Chindwin Institute ၏ ဌာနေတိုင်းရင်းသား အများစုနေထိုင်သည့် ကလေး၊ တမုူး၊ လဟယ်၊ ဟူမ္မလင်း ခန္ဒီး၊ တို့မှ ရရှိလာသည့် စစ်တမ်းအချက်အလက်များနှင့် လိုအပ်ချက်များ အကောင်အထည် ဖော်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်ပင်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...