ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို AA ဝင်တိုက်

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို AA ဝင်တိုက်

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ ရဲစခန်းကို ဒီဇင်ဘာလ ၁၁ ရက် ညနေ (၆)နာ ရီကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကို ပြောသည်။

ယိုးတရုပ်ရဲစခန်းတွင် ခမရ  ၂၀၄ တပ်ရင်းက ဝင်ရောက်တပ်စွဲထားသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဟု ခိုင်သုခ က ဆိုသည်။

“သူတို့ကို ကျနော်တို့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ထိခိုက် ကျဆုံးမှု (၂၀)လောက်ရှိတယ်လို့ ကြားရတယ် ” ဟု ၎င်းက ပြောသည်။

ထိုသို့ တိုက်ခိုက်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပစ်ခတ်သံများကြောင့် ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး နေအိမ်များတွင် ပုန်းခိုနေထိုင်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် အနောက်ရပ်ကွက်ရှိ သိမ်ကျောင်းခေါင်မိုးကို လက်နက်ကြီးကျည် ထိမှန်သွားသဖြင့် ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီ လက်နက်ကြီး ပစ်တာက တပ်ကလို့ ပြောသံကြားတယ်။ ဖြစ်တဲ့နေရာနဲ့တော့ သိမ်းကျောင်းနဲ့ နည်းနည်းဝေးတယ်။ သိမ်းကျောင်းရဲ့ ခေါင်မိုးမှာကျပြီးတော့ ပေါက်ကွဲပြီး ကျောင်းမှန်ပြတင်းတွေ အကုန်လုံး ကွဲသွားတယ်။ လူတွေတော့ ထိခိုက်မူမရှိဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ရဲစခန်းတွင် လွန်ခဲ့သည့် (၂) ရက်ခန့်ကစတင်ပြီး တပ်မတော်သားများ ရောက်ရှိနေသည်ဟု ဒေသခံများနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် မတ်လ (၉)ရက်နေ့ကလည်း ယိုးတရုပ်ရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ဖူးပြီး ရဲတပ်ဖွဲ့ ဝင် (၉)ဦး ကျဆုံးခဲ့သည်။

ယိုးတရုပ်ရဲစခန်းတွင် တပ်မတော်သားများ တပ်စွဲနေသည်ဟု အကြောင်းပြချက်ဖြင့် ရက္ခိုင့်တပ်တော် (AA)က ဒုတိယအကြိမ် ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...