ရခိုင်တိုက်ပွဲအတွင်း လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေသောကြောင့် တိုက်ပွဲရပ်တန့်ရန် လိုအပ်

ရခိုင်တိုက်ပွဲအတွင်း လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေသောကြောင့် တိုက်ပွဲရပ်တန့်ရန် လိုအပ်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးမှုများ၊ သံသယဖြင့် ဖမ်းဆီးခံရမှုများရှိနေ၍ ဒေသတွင်းပြည်သူများ လူ့အခွင့်အရေးဆုံးရှုံးနေသည်ဟု ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်)၊ စစ်တွေမြို့တွင် ပြုလုပ်သည့် (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် လူငယ်များကပြောသည်။

ယနေ့ ကျရောက်သည့် လူ့အခွင့်အရေးနေ့အခမ်းအနားကို ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ “ကွဲပြားမှုကိုအလေးထား ငြိမ်းချမ်းရေးအတွက် လူငယ်များ” ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူပေါင်း(၁၅၀)ခန့်က  စစ်တွေမြို့၊ ရှုခင်းသာလမ်းတွင် လမ်းလျှောက်ချီတက်ခဲ့ကြသည်။

“အခု ကျမတို့ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ပြည်သူတွေအနေနဲ့ နစ်နာမှုတွေရှိတယ်။  ကျမတို့က စစ်ပွဲတွေကို မလိုလားဘူး။ သေဆုံးတာ၊ ဒဏ်ရာရရှိတာတွေလည်း များနေပြီး ကျမတို့လည်း ကြားနေရတယ်၊ မြင်နေရတယ်ဆိုတော့။ စစ်ပွဲတွေကို ရပ်တန့်စေချင်တယ်။”ဟု ချီတက်ပွဲတွင်ပါဝင်သူ မစိုးမြတ်အိဝေက DMG ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေးအခွင့်အလမ်း ပျောက်ဆုံးနေကြသည်ဟုလည်း လူ့အခွင့်အရေးနေ့ လမ်းလျှောက်ချီတက်သူများက ပြောကြသည်။

“ကျမတို့ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ အများကြီးဖြစ်လာတယ်။ ပညာရေးကို ထိခိုက်လာတယ်ပေါ့။ ကျမတို့ရခိုင်ပြည်က အစကတည်းကပင် ပညာရေးပိုင်းမှာ Level တစ်ခုမှာ ရပ်တည်နိုင်တဲ့ အခြေအနေမဟုတ်။ အခုလိုမျိုး တိုက်ပွဲတွေက ဖြစ်လာတယ်ဆိုတော့ ထိခိုက်တယ်ပေါ့” ဟု လမ်းလျှောက်ချီတက်ရာမှာ ပါဝင်သူ မရီဝေထွန်း က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က စစ်ဆေးနေစဉ်ကာလအတွင်းတွင်လည်း အရပ်သား (၁၅)ဦး သေဆုံးသွားသည်။ ယင်းဖြစ်စဉ်များအနက် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တပ်မတော်က ပစ်ခတ်မှုကြောင့် လူ (၆)ဦးသေဆုံးမှု ဖြစ်စဉ်ကို မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ကွင်းဆင်းစစ်ဆေးခဲ့ကာ “လူ့အခွင့် အရေးချိုးဖောက်မှုမရှိ”ဟု ပြောဆိုခဲ့သဖြင့် အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ကျည်ဆန်ထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးကာ (၁၃၀)ခန့် ဒဏ်ရာရရှိသွားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...