ဘူးသီးတောင်တွင် ကျည်စထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဘူးသီးတောင်တွင် ကျည်စထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ (၁၁)နာရီကျော်အချိန်က လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်။

ဒဏ်ရာရရှိသူမှာ အသက် (၂၇)နှစ်အရွယ် ဖာတေမယခါတူ ဆိုသူဖြစ်သည်။ သူသည် ရွာတွင်ဟင်းခူးနေစဉ် စိုင်းဒင်တံတားမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်သွားခြင်းဟု သူ၏ ယောကျ်ားဖြစ်သူ မာတော်တားရှလ်က ပြောသည်။

“လက်နက်ကြီးက စိုင်းဒင်တံတားကနေပစ်တာပါ။ သရက်ပြင်ရွာမှာ ကျရောက်ပေါက်ကွဲပါတယ်။ လက်နက်ကြီးကျည်စက ကျနော့်မိန်းမ ဝမ်းဗိုက်ကိုထိသွားတာပါ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း ပစ်ခတ်ခံရမှု၊ ကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးမှု (၁၀၀)ခန့်ရှိနေပြီး ဒဏ်ရာရရှိရသူ (၁၃၀)ခန့်ရှိနေသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...