မာန်အောင်တွင် စပါးသီးနှံထွက်နှုန်း နည်းပါးသောကြောင့် ဆန်ဈေးမြင့်တက်

မာန်အောင်တွင် စပါးသီးနှံထွက်နှုန်း နည်းပါးသောကြောင့် ဆန်ဈေးမြင့်တက်

မာန်အောင်မြို့နယ်တွင် စပါးသီးနှံဖြစ်ထွန်းမှု နည်းပါးသောကြောင့် ဆန်ဈေးများ မြင့်တက်လျက်ရှိသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။

ယခင်နှစ်က ဒေသထွက် ဆန်ကောင်း တစ်တင်းလျှင် ငွေ(၁၄၀၀၀)ကျပ်နှင့် ဆန်ညံ့တစ်တင်းလျှင် ငွေ(၁၀၀၀၀) ကျပ်သာရှိခဲ့သည်။ ယခုနှစ်တွင် ဒေသထွက် ဆန်ကောင်း တစ်တင်းလျှင် ငွေ(၁၈၀၀၀)ကျပ်နှင့် ဆန်ညံ့တစ်တင်းလျှင် ငွေ(၁၂၀၀၀)ကျပ်အထိ မြင့်တက်လာသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ကြည်သန်းက ပြောသည်။

လယ်ယာလုပ်ငန်းရှင် ဦးခင်မောင်သန်းကလည်း မာန်အောင်ဒေသတွင် လယ်ယာများရှိသော်လည်း လယ်ယာလုပ်ကိုင်သူ နည်းပါးလာသောကြောင့် စပါးဖြစ်ထွန်းမှုနည်းပါးသည်ဟု ဆိုသည်။

“ဒီနှစ် ရာသီဥတုကလည်းတစ်မျိုးဖြစ်တော့ သီးနှံမဖြစ်ဘူး။ အရင်နှစ်ကတော့ ကျနော့်လယ် နှစ်ဧက

ဆိုရင် စပါးတင်း (၁၅၀)ကျော်ထွက်တယ်။ ဒီနှစ်ဆို တင်းတစ်ရာတောင်မရဘူး။ လယ်ယာလုပ်တယ်ဆိုလည်း လုပ်သားငှားစရိတ်က အရမ်းများတယ်။ အဲဒါကြောင့် လယ်လုပ်သူတွေ နည်းလာတယ်။ သီးနှံမထွက်တာကြောင့် ဆန်ဈေး နည်းနည်းရတယ်။ ဆန်ဈေးရပေမယ့် စပါးမရတော့ တောင်သူတွေအဆင်မပြေဘူး” ဟု ဦးခင်မောင်သန်းက  ပြောသည်။

ယခင်က ဒေသတွင်းဆန်များကို တစ်ခြားမြို့နယ်များသို့ တင်ပို့နိုင်မှုရှိခဲ့သော်လည်း ယခုနှစ်များအတွင်းတွင် တခြားဒေသများသို့ ဆန်တင်ပို့နိုင်မှုမရှိဘဲ တခြားဒေသများက ဆန်များကိုသာ ဝယ်ယူရောင်းချနေကြရကြောင်း သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...