စျေးကွက်သုတေသန အချက်အလက်များကို နိုင်ငံခြားကုမ္ပဏီများက အများဆုံး ဝယ်ယူ

စျေးကွက်သုတေသန အချက်အလက်များကို နိုင်ငံခြားကုမ္ပဏီများက အများဆုံး ဝယ်ယူ

စျေးကွက်ဆိုင်ရာသုတေသန အချက်အလက်များကို မြန်မာနိုင်ငံသားကုမ္ပဏီများထက် နိုင်ငံခြား ကုမ္ပဏီတွေကသာ အများဆုံးဝယ်ယူမှုရှိကြောင်း စျေးကွက် သုတေသန အသင်းထံကသိရသည်

 “ စျေးကွက်သုတေသနရယ်၊ စားသုံးသူနဲ့ပက်သက်တဲ့ သုတေသနရယ် နှစ်ခုရှိတယ်။ များသောအား ဖြင့် ပြည်တွင်းမှာရှိတဲ့သူတွေက စားသုံးသူအကြောင်းကိုပဲ သိချင်တဲ့ အတွက်ကြောင့် စာသုံးသူနဲ့ ပက်သက်တဲ့ သုတေသနကို လုပ်ကြတာများပါတယ်။ စျေးကွက်ကိုစပြီးလုပ်တဲ့သူကျတော့ နိုင်ငံခြားကုမ္ပဏီတွေကများ ပါ တယ်။ သူတို့က မြန်မာပြည်မှာလာပြီးတော့ ရင်းနှီးမြှပ်နှံမှုလုပ်ချင်တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို သိချင်တဲ့ အခါကျရင် လာအပ်တာများပါတယ်”ဟု စျေးကွက်သုတေသနအသင်း အတွင်းရေးမှူး ဦးအောင်မင်းက ဆိုသည်။

 စျေးကွက်သုတေသနအသင်းမှာ မြန်မာနိုင်ငံ၏စားသုံးသူစျေးကွက် ၊ထုတ်ကုန်၊ ဝန်ဆောင်မှုဆိုင်ရာ စျေးကွက် သုတေသနပြုလုပ်ချက်တွေကို ပြည်တွင်း ၊ပြည်ပ ကုမ္ပဏီများအတွက် ဝန်ဆောင်ခရယူပြီး ဆောင်ရွက်ပေးနေသည့် အသင်းတစ်ခုဖြစ်သည်။

အဆိုပါအသင်းသို့ စျေးကွက်သုတေသနအချက်အလက်နှင့် ပက်သက်ပြီး လာရောက်အပ်နှံမှုများ၏ ၈၀ရာခိုင်နှုန်းမှာ နိုင်ငံခြားကုမ္ပဏီများဖြစ်ကြောင်းသိရပြီး၊ စားသုံးသူဆိုင်ရာ သုတေသန အချက် အလက်များကို မြန်မာနိုင်ငံအတွင်းဝင်ရောက်ရင်းနှီးမြှပ်နှံ ထားပြီးဖြစ်သည့်  နိုင်ငံခြား ကုမ္ပဏီများနှင့်ပြည်တွင်း ကုမ္ပဏီတွေက အပ်နှံမှုများကြောင်း ယင်းအသင်းမှသိရသည်။

 “ကြေညာတစ်ခုလုပ်ရင်ကို အများ ကြီးကွာတယ်လေ၊ ကြေညာအတွက်သုံးလို့ရတဲ့ အကျိုးကျေးဇူး၊ စားသုံးသူကို Massage ပေးတာပေါ့၊ အဲဒီ ပေးရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့အကျိုးကျေးဇူးကိုချိန်ဆတယ်။ Market Reserch ကြောင့်ကုန်ကျမဲ့ စရိတ် ဒါတွေကို ပြန်ချိန်ဆကြတယ်။ အများစုကတော့ စျေးကွက်သုတေသနကို ကိုယ်ဘာသာလုပ်နိုင်တယ်လို့ပဲ ယူဆကြတယ်” ဟုဦးအောင်မင်းက ဆက်လက်ပြောဆိုသည်။

ပြည်တွင်း၊ပြည်ပကုမ္ပဏီများအနေဖြင့် အစိုးရ၏မှုဝါဒ နှင့် စျေးကွက်အပေါ်တွင် မှုတည်၍ Market Reserch အချက်အလက်များကို ရယူကြခြင်း ဖြစ်ကြောင်းသိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...