တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်

တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား လျာထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖျက်သိမ်းလိုက်သည့်အပေါ် နိုင်ငံတော်အဆင့်ကျင်းပမည့်  JICM  အစည်းအဝေး၊ လက်နက်ကိုင်တိုင်းရင်းသားတို့၏ PPST အစည်းအဝေးအားလည်း ကျင်းပနိုင်တော့မည်မဟုတ်သိရသည်။

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ဖျက်သိမ်းလိုက်သည့်အတွက် အောက်တိုဘာ ၂၆-၂၇ ရက်နေ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးလည်းဖျ က်သိမ်းလိုက်သည့် အပြင် အောက်တိုဘာ ၂၉ ရက်နေ့ ကျင်းပမည့် နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting ) JICM အစည်းအဝေး အားလည်း ကျင်းပတော့မည်မဟုတ်ကြောင်း သိရှိရသည်။

“အရင်ကဆိုရင် တာချီလိတ်ကနေအမြဲတမ်းသွားနေကျလေ။ ဒီတခေါက်က လက်ဆောင်တွေဘာတွေ ပေးဖို့ ယူသွားရမယ့် ပစ္စည်းပစ္စယတွေကလည်းများတော့ လွယ်တိုင်းလျဲန်းက နေ ဟိုမိန်း – လင်းခေး – တောင်ကြီး လမ်းဘက်သွားဖို့ စီစဉ်တာ နိုင်ငံတော်က လာပါလို့ ပြောပေမယ့် ရလခတိုင်း (အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က) ခွင့်မပြုဘူး၊ ဒီအကြောင်းကို ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်။ ဒီရက်ပိုင်းအတွင်း ” – ဟု RCSS အရာရှိကြီးတဦးက ပြောသည်။

၂၀၁၉ ခု အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၄ နှစ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခမ်းအနား ကျင်းပမည်ဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့်တက် ရောက် တော့မည်မဟုတ်ဟုလည်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များပါ၀င်ဖွဲ့စည်းထားသည် PPST (Peace Process Steering Team – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ) ၏ ယာယီဥက္ကဌ တာဝန်ယူထားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...