တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်

တောင်ကြီး – နေပြည်တော်ခရီးစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်ဖျက်သိမ်း နိုင်ငံတော်အဆင့်အစည်းအဝေးအချို့လည်းပျက်

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား လျာထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဖျက်သိမ်းလိုက်သည့်အပေါ် နိုင်ငံတော်အဆင့်ကျင်းပမည့်  JICM  အစည်းအဝေး၊ လက်နက်ကိုင်တိုင်းရင်းသားတို့၏ PPST အစည်းအဝေးအားလည်း ကျင်းပနိုင်တော့မည်မဟုတ်သိရသည်။

တောင်ကြီး – နေပြည်တော် ခရီးစဉ်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ဖျက်သိမ်းလိုက်သည့်အတွက် အောက်တိုဘာ ၂၆-၂၇ ရက်နေ့ အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ PPST အစည်းအဝေးလည်းဖျ က်သိမ်းလိုက်သည့် အပြင် အောက်တိုဘာ ၂၉ ရက်နေ့ ကျင်းပမည့် နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting ) JICM အစည်းအဝေး အားလည်း ကျင်းပတော့မည်မဟုတ်ကြောင်း သိရှိရသည်။

“အရင်ကဆိုရင် တာချီလိတ်ကနေအမြဲတမ်းသွားနေကျလေ။ ဒီတခေါက်က လက်ဆောင်တွေဘာတွေ ပေးဖို့ ယူသွားရမယ့် ပစ္စည်းပစ္စယတွေကလည်းများတော့ လွယ်တိုင်းလျဲန်းက နေ ဟိုမိန်း – လင်းခေး – တောင်ကြီး လမ်းဘက်သွားဖို့ စီစဉ်တာ နိုင်ငံတော်က လာပါလို့ ပြောပေမယ့် ရလခတိုင်း (အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က) ခွင့်မပြုဘူး၊ ဒီအကြောင်းကို ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်။ ဒီရက်ပိုင်းအတွင်း ” – ဟု RCSS အရာရှိကြီးတဦးက ပြောသည်။

၂၀၁၉ ခု အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၄ နှစ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခမ်းအနား ကျင်းပမည်ဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့်တက် ရောက် တော့မည်မဟုတ်ဟုလည်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များပါ၀င်ဖွဲ့စည်းထားသည် PPST (Peace Process Steering Team – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ) ၏ ယာယီဥက္ကဌ တာဝန်ယူထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...