မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ

မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ
 Photo by မူးယစ်ရဲတပ်ဖွဲ့
Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁ ထောင်ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များနှင့် မူးယစ်ဆေး ချက် မည့်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခန့်က မူဆယ်မြို့ ပန်ခမ်းကျေးရွာ အုပ်စု၊ နောင်ရမ်းကျေးရွာ ရှိ (အသက် ၂၅ နှစ်အရွယ် ကျော်ဦး(ခ)လီကျားလုံ ငှားရမ်းထားသည့် ) ဂိုဒေါင်ကို ဝင်ရောက် ရှာဖွေရာ မော်တော်ယာဉ် ၂ စီး နှင့် ပလတ်စတစ်ပုံးများအတွင်း ထည့်ထားသည့် ဓာတုဆေးရည် (၂၈၄၆၈) လီတာ ကို တွေ့ရှိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဆက်လက်ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်း နယ်မြေ တွင် နေထိုင်သည့်  ကျော်ဦး(ခ) လီကျားလုံ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်း နှင့် အတူ စိုးမင်းဦး (ခ) မင်းမင်း တို့ကိုတွေ့ရှိရပြီး၊ ထို အခန်းတွင် ကျပ်သိန်း ၁ ထောင်ကျော် ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ထပ်မံ တွေ့ရှိကြောင်း သိရသည်။

၎င်းတို့မှာ  DL-TARTARIC Acid အလေးချိန် ၂၂၈ဝဝ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ဝ သိန်း)၊ Diaminopropionic Acid အလေးချိန် ၇ဝဝ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၁ သိန်း)၊ အမို နီယမ်ကလိုရိုဒ် အလေးချိန် ၁ဝဝ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ဝ သိန်း) တို့ ဖြစ်ကြောင်း၊ ထို့ပြင် အရိုးမီးသွေးအလေးချိန် ၇ဝဝ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။

ထို မူးယစ်ဆေးဝါး နှင့် ဆက်စပ်သည့် သူ ၂ ဦးကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် လည်းကောင်း မူဆယ်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...