မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ

မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ
 Photo by မူးယစ်ရဲတပ်ဖွဲ့
Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁ ထောင်ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များနှင့် မူးယစ်ဆေး ချက် မည့်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခန့်က မူဆယ်မြို့ ပန်ခမ်းကျေးရွာ အုပ်စု၊ နောင်ရမ်းကျေးရွာ ရှိ (အသက် ၂၅ နှစ်အရွယ် ကျော်ဦး(ခ)လီကျားလုံ ငှားရမ်းထားသည့် ) ဂိုဒေါင်ကို ဝင်ရောက် ရှာဖွေရာ မော်တော်ယာဉ် ၂ စီး နှင့် ပလတ်စတစ်ပုံးများအတွင်း ထည့်ထားသည့် ဓာတုဆေးရည် (၂၈၄၆၈) လီတာ ကို တွေ့ရှိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဆက်လက်ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်း နယ်မြေ တွင် နေထိုင်သည့်  ကျော်ဦး(ခ) လီကျားလုံ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်း နှင့် အတူ စိုးမင်းဦး (ခ) မင်းမင်း တို့ကိုတွေ့ရှိရပြီး၊ ထို အခန်းတွင် ကျပ်သိန်း ၁ ထောင်ကျော် ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ထပ်မံ တွေ့ရှိကြောင်း သိရသည်။

၎င်းတို့မှာ  DL-TARTARIC Acid အလေးချိန် ၂၂၈ဝဝ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ဝ သိန်း)၊ Diaminopropionic Acid အလေးချိန် ၇ဝဝ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၁ သိန်း)၊ အမို နီယမ်ကလိုရိုဒ် အလေးချိန် ၁ဝဝ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ဝ သိန်း) တို့ ဖြစ်ကြောင်း၊ ထို့ပြင် အရိုးမီးသွေးအလေးချိန် ၇ဝဝ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။

ထို မူးယစ်ဆေးဝါး နှင့် ဆက်စပ်သည့် သူ ၂ ဦးကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် လည်းကောင်း မူဆယ်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...