နေရပ်ပြန်ရန်ပြောသူများ၏ အသက်အန္တရာယ်ကို အာဆာအဖွဲ့မှခြိမ်းခြောက်နေဟု ကုလကိုယ်စားလှယ်ပြော

နေရပ်ပြန်ရန်ပြောသူများ၏ အသက်အန္တရာယ်ကို အာဆာအဖွဲ့မှခြိမ်းခြောက်နေဟု ကုလကိုယ်စားလှယ်ပြော
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - AFP
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - AFP

ဘင်္ဂလားဒေ့နိုင်ငံမှာနေ၍ မြန်မာပြည်ထဲသို့ ပြန်ရန်ပြောသည့်သူများ၏ အသက်အန္တရာယ်ကို အာဆာအဖွဲ့မှခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းကပြောသည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ပဉ္စမအကြိမ်အစည်းအဝေး၌ နိုင်ငံတကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစီအမံများဘာသာရပ်နှင့်ပတ်သက်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်သူများ နေရပ်ပြန်ရေးကိုလည်း အတားအဆီး ဖြစ်စေပါတယ်” လို့ ဦးဟောက်ဒိုဆွမ်းကပြောသည်။

ယင်းအကြမ်းဖက်သမားများသည် နေရပ်ပြန်ရန် ဆန္ဒထုတ်ဖော် ပြောဆိုသူများ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လျက် ရှိသည်ဟုလည်း ၎င်းကဆိုသည်။

ထို့အပြင် ဂျာမနီနိုင်ငံ DW သတင်းဌာန၏ မကြာသေးမီက ဖော်ထုတ်တင်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အာဆာအကြမ်းဖက်သမား ၃၅၀၀ ကျော် ခိုအောင်းနေသည်ဟုလည်း ကုလကိုယ်စားလှယ်ကပြောဆိုခဲ့သည့်။

အာဆာအကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များဖြစ်သည့် Al-Qaeda ၊ ISIL နှင့် Tehrik-e-Taliban Pakistan (TTP) တို့၏ ကူညီပံ့ပိုးမှုများ ရရှိနေကြောင်းလည်းပြောဆိုခဲ့ပြီး  မကြာသေးမီက နိုင်ငံခြားသား အကြမ်းဖက်သမားများက အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်၍ အာဆာအဖွဲ့အား ပူးပေါင်းကူညီရန် ကြိုးစားခဲ့သည့် သာဓကရှိကြောင်းလည်း ပြောသည်။

“ISIL နှင့် ဆက်နွယ်မှုရှိတဲ့ အာဆာအကြမ်းဖက်သမားတွေကို မလေးရှားအာဏာပိုင်တွေက အခုနှစ် မေလနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့တာဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ အာဆာအဖွဲ့ရဲ့ ဆက်နွယ်မှုအပေါ် ငြင်း၍ မရနိုင်သည့် သက်သေဖြစ်တယ်” ဟုလည်း ဦးဟောက်ဒိုဆွမ်းကဆိုသည်။

သို့ဖြစ်ရာ အာဆာအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးကြောင်းမြန်မာအစိုးရဘက်မှ ညီလာခံတွင်တင်ပြခဲ့ကြောင်းသိရသည်။

၂၀၁၆ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဘင်္ဂါလီအများစုထွက်ပြေးခဲ့ကြပြီးနောက် ပြန်လည်လက်ခံရေးအစီအမံများမှာ ၂ နှစ်ကျော်အထိ အသက်မဝင် သေးခြင်းလည်းဖြစ်သည်။

Most read this week

June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...
June 12, 2026
ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer...
June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...