ကျိုက်ထီးရိုးရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံမှ ဆေးခြောက်များဖမ်းမိ

ကျိုက်ထီးရိုးရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံမှ ဆေးခြောက်များဖမ်းမိ
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ၂ ဦး(ကျိုက်ထီးရိုးရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့)
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ၂ ဦး(ကျိုက်ထီးရိုးရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့်အမျိုးသမီးတစ်ဦးထံမှ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည့် ၁၂ နာရီခန့်က ဆေးခြောက်များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူး ဦးကျော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ ရဲကင်းမှူး ရဲအုပ်ထွန်းမင်းသက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ရင်ပြင်တော်အနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအား ဝင်ရောက်ရှာဖွေစဉ်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"သူတို့ ၂ ဦးကိုတော့ ဖမ်းဆီးရမိပြီး အမှုဖွင့်ထားတယ်။ ကျန်တာကတော့ ဆက်လက်စစ်ဆေးရဦးမှာပါ ''ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဇင်ဇော်ဦးက ပြောသည်။

ကျိုက်ထီးရိုးရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသီးသန့်ဆောင်တွင် သီတင်းသုံးနေထိုင်သော ဦးပညာဝံသ၏ အခန်းအား ဝင်ရောက်ရှာဖွေရန် သွားရောက်စဉ် ဦးပညာဝံသအား ၎င်း၏ အခန်းရှေ့တွင် တွေ့ရပြီး အခန်းထဲတွင် အမျိုးသမီးတစ်ဦးအားတွေ့ရသဖြင့် မေးမြန်းရန်ပြုစဉ် ဦးပညာဝံသမှ ထွက်ပြေးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တာဝန်ရှိသူများသည် ဦးပညာဝံသနေထိုင်သော အခန်းအား စစ်ဆေးရာ အခန်းအတွင်း ကွက်ပျစ်အောက်မှ မာစတာတံဆိပ် အာလူးကြော်ဗူးအတွင်း ဆေးခြောက်ဟုယူဆရသော အရိုး/အရွက်အခြောက်ရောရာ ၈၁ ဒသမ ၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး အခန်းတွင်းရှိ အမျိုးသမီးဖြစ်သူ မနော်ဇာခိုင် ထိုင်နေသည့်နေရာအား ဆက်လက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ယာခေါင်းရင်းဘက်တွင် တင်ထားသော ရေခဲဖော့ဖာအတွင်းမှ အလေးချိန် ၃၅ ကျပ်သားခန့်၊  တန်ဖိုး ၂၈၅,၇၇၅ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနှင့်မနော်ဇာခိုင်တို့ ၂ ဦးအား ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ မယ (ပ )၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ ဖြင့်အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...