ကျိုက်ထီးရိုးရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံမှ ဆေးခြောက်များဖမ်းမိ

ကျိုက်ထီးရိုးရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံမှ ဆေးခြောက်များဖမ်းမိ
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ၂ ဦး(ကျိုက်ထီးရိုးရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့)
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ၂ ဦး(ကျိုက်ထီးရိုးရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ရင်ပြင်တော်အနီးနေ ဘုန်းကြီးတစ်ပါးနှင့်အမျိုးသမီးတစ်ဦးထံမှ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည့် ၁၂ နာရီခန့်က ဆေးခြောက်များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူး ဦးကျော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ ရဲကင်းမှူး ရဲအုပ်ထွန်းမင်းသက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ရင်ပြင်တော်အနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအား ဝင်ရောက်ရှာဖွေစဉ်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"သူတို့ ၂ ဦးကိုတော့ ဖမ်းဆီးရမိပြီး အမှုဖွင့်ထားတယ်။ ကျန်တာကတော့ ဆက်လက်စစ်ဆေးရဦးမှာပါ ''ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဇင်ဇော်ဦးက ပြောသည်။

ကျိုက်ထီးရိုးရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသီးသန့်ဆောင်တွင် သီတင်းသုံးနေထိုင်သော ဦးပညာဝံသ၏ အခန်းအား ဝင်ရောက်ရှာဖွေရန် သွားရောက်စဉ် ဦးပညာဝံသအား ၎င်း၏ အခန်းရှေ့တွင် တွေ့ရပြီး အခန်းထဲတွင် အမျိုးသမီးတစ်ဦးအားတွေ့ရသဖြင့် မေးမြန်းရန်ပြုစဉ် ဦးပညာဝံသမှ ထွက်ပြေးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တာဝန်ရှိသူများသည် ဦးပညာဝံသနေထိုင်သော အခန်းအား စစ်ဆေးရာ အခန်းအတွင်း ကွက်ပျစ်အောက်မှ မာစတာတံဆိပ် အာလူးကြော်ဗူးအတွင်း ဆေးခြောက်ဟုယူဆရသော အရိုး/အရွက်အခြောက်ရောရာ ၈၁ ဒသမ ၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး အခန်းတွင်းရှိ အမျိုးသမီးဖြစ်သူ မနော်ဇာခိုင် ထိုင်နေသည့်နေရာအား ဆက်လက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ယာခေါင်းရင်းဘက်တွင် တင်ထားသော ရေခဲဖော့ဖာအတွင်းမှ အလေးချိန် ၃၅ ကျပ်သားခန့်၊  တန်ဖိုး ၂၈၅,၇၇၅ ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဦးပညာဝံသနှင့်မနော်ဇာခိုင်တို့ ၂ ဦးအား ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ မယ (ပ )၁ /၂၀၁၉၊ မူး/စိတ်ပြောင်းပုဒ်မ ၁၉ (က)/၂၁ ဖြင့်အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ...
March 31, 2026
တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇...
March 30, 2026
မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ...