မိုင်းငေါ့မြို့နယ်ခွဲတွင် အရပ်သားတဦး မိုင်းထပ်နင်းမိ

မိုင်းငေါ့မြို့နယ်ခွဲတွင် အရပ်သားတဦး မိုင်းထပ်နင်းမိ

တိုက်ပွဲများဖြစ်ပွါးခဲ့သည့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ  ၂၅ ရက်က မိုင်းငေါ့မြို့နယ် ခွဲ မန်ကောင်းရပ်နေ အသက်  ၅၆ နှစ် အရွယ် ဦးကာလိန္ဒ သည် မိုင်းငေါ့ နှင့် ၁၅ မိုင်ခန့်ဝေးကွာသည့် ကွင်းစလန်းရွာ နေ အကိုဖြစ်သူ ဦးဝိစိန္တာ ကျန်းမာရေး မကောင်းသည့်အတွက် သွားရောက်ကြည့်ရှုစဉ် လမ်းတဝက်အရောက်တွင်  မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ဇီဝိတလူမှု ကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာပေါင် အရှေ့အနောက် နှင့် ခြေသလုံးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်  ဦးကာလိန္ဒ အားစက်တင်ဘာ ၂၆  ရက် ယနေ့ မနက်ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဦးတင်မောင်သိန်းကပြောသည်။

“ အခြေအနေက အခုကောင်းသွားပြီ၊ မစိုးရိမ်ရတော့ဘူး။ အခု ကျောက်မဲ ဆေးရုံမှာပါ ” ဟု ဦးတင်မောင်သိန်းကပြောသည်။

မိုင်းငေါ့မြို့နယ် တွင် တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ နေထိုင်သည့် နေရာ တခုဖြစ်ပြီး၊ တိုက်ပွဲ မကြာခဏ ဖြစ်ပွားသည့်နေရာလည်း ဖြစ်သည်။

မိုင်းငေါ့မြို့နယ် ခွဲတွင် ဦးကာလိန္ဒအပါအဝင် ယခုစက်တင်ဘာလ အတွင်း မိုင်းနင်းမိသည့် အရပ်သား ၅ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်း ၂၀၁၉ ခုနစ်အတွင်း မြေမြုပ်မိုင်း ကြောင့် ဒဏ်ရာရရှိသူ ၃၄ဦး ရှိပြီး၊ ထိုအနက် သေဆုံးသူ ၁၀ ဦး ရှိကြောင်း   တအာင်း လူငယ်အဖွဲ့ ၏အချက်အလက် အရ သိရသည်။

Photo by Tin Maung Thein

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...