မူဆယ် တရုတ် ယာယီနိုင်ငံကူးလက်မှတ်(အစိမ်းရောင်ကဒ်) တရုတ်ဘက် လက်မခံ

မူဆယ် တရုတ် ယာယီနိုင်ငံကူးလက်မှတ်(အစိမ်းရောင်ကဒ်) တရုတ်ဘက် လက်မခံ

သျှမ်းပြည်မြောက်ပိုင်း မြန်မာ တရုတ်နယ်စပ် မူဆယ်မြို့ တွင် မြန်မာအာဏာပိုင်များပြုလုပ်ပေးသည့် တရုတ်နိုင်ငံကူး Temporary Border Pass (ယာယီ ဖြတ်ကူးခွင့်လက်မှတ်) ကို တရုတ်ဘက်ခြမ်းမှ လက်မခံမှုများရှိနေကြောင်း သတင်းရရှိသည်။

တရုတ်ဘက်ခြမ်းကူးရန်အတွက် ယာယီဖြတ်ကူးခွင့်လက်မှတ်ကို တရုတ်ဘက်မှ  လက်မခံသည်မှာ တပတ်ကျော်ရှိပြီဖြစ်ကြောင်း ၊ ထိုအတွက်   မြန်မာဘက်ခြမ်းမှပြည်သူများအခက်တွေ့နေကြောင်း မူဆယ်မြို့ ဒေသခံများ ကပြောသည်။

“ မြန်မာအာဏာပိုင်တွေလုပ်ပေးတဲ့  တခါသုံးကဒ်က ပုံ သိပ်မမြင်ရ တာကြောင့် လို့ပြောတယ်။ တရုတ် ဘက်က အဲ့ကဒ်ကို လက်မခံဘူးဖြစ်နေတယ်။ မြန်မာဘက်က လိုအပ်ချက်တွေပါ” ဟု မူဆယ်မြို့ ဒေသခံ တဦးဖြစ်သည့် စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တရုတ်ဘက်ခြမ်းကူးရန် တခါသုံးကဒ် အစိမ်းရောင်ကဒ် ကို တရုတ်အာဏာပိုင်များ လက်မခံ သည့်အတွက် တရုတ်နိုင်ငံကူးမည့်သူများသည် အနီရောင် စာအုပ်ကို ဈေးကြီးပေးဆောင်ရပြီး ပြုလုပ်နေရကြောင်း လည်း စိုင်းဖ က ပြောသည်။

တခါးသုံးကဒ်( အစိမ်းရောင်ကဒ်)သည် ရက်သတ္တပတ် (၇)ရက် အသုံးပြုလို့ရသည့် ကဒ်ဖြစ်သည်။

မြန်မာဘက်ခြမ်းမှ လူမှုဝင်ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား (လဝက) ကပြုလုပ်ပေးသော  တရုတ်နယ်စပ်ကူး အဆိုပါ တခါသုံးအစိမ်းရောင်ကဒ်များကို  ခရီးသွားများက ၁၀၀၀ မှ ၂၀၀၀ အထိ ပေးဆောင်နေရကြောင်းသိရသည်။

လက်ရှိတွင် အစိမ်းရောင်ကဒ်ကိုတရုတ်ကလက်မခံသဖြင့် အနီရောင်နယ်ခြားကူးစာအုပ်ကို  ပြုလုပ်ရာ တအုပ်လျှင် ကျပ်ငွေ ၅ သောင်း ကုန်ကျကြောင်း မူဆယ်ဒေသခံများက ပြောပြသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာဘက်မှ တခါသုံးကဒ် (အစိမ်းရောင်ကဒ်)များကို   တရုတ်ဘက်မှ လက်မခံမှု ဖြစ်ပွားခဲ့သေးသည်။

“ များသောအားဖြင့် တခါသုံးကဒ်တွေက မူဆယ်ဒေသခံ မဟုတ်တဲ့တခြားနယ်က လူတွေ လုပ်တာများတယ်။ ၇ ရက် ဟိုဘက်မှာ အလုပ်သွားရှာတယ်။ အခုတော့ နယ်စပ်ဝင်ဂိတ်တွေမှာ လူတွေများနေတယ်” ဟုလည်း တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်သွားမည် အာကာ က ပြောသည်။

မူဆယ် နယ်စပ်ပေါက် မှ နှစ် နိုင်ငံ ဖြတ်သန်းသွားလာရန် တခါသုံးကဒ်နှင့် Border Pass (BP) စာအုပ်အနီရောင် ပြုလုပ်သူများသည် တရက်လျှင် ၄သောင်း မှ ၅သောင်းခန့်ရှိကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...