နမ့်ဆန်မြို့နယ် နမ့်ခေး ဒေသခံများ စစ်ရှောင်နေစဉ် နေအိမ်ဖောက်ခံရ

နမ့်ဆန်မြို့နယ် နမ့်ခေး ဒေသခံများ စစ်ရှောင်နေစဉ် နေအိမ်ဖောက်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေစဉ် နေအိမ်များ ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။

နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အတွင်း စက်တင်ဘာ ၁၆၊ ၁၇ ရက်တွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ နမ့်ဆန်မြို့ပေါ်သို့စစ်ဘေးရှောင်လာကြစဉ်တွင် နေအိမ်ဖောက်ထွင်းခံရကြောင်း နမ့်ခေး ဒေသခံများ ပြောပြချက် အရ သိရသည်။

“ တိုက်ပွဲဖြစ်တော့ တရွာလုံး စစ်ရှောင်နေတဲ့အချိန်မှာ အိမ်တွေ ဆိုင်တွေဖောက်ခံရတယ်။ ဆိုင်မှာရှိတဲ့ ဘီယာတွေ စားစရာတွေ အားလုံးနီးပါး ယူစားသောက်ကြတယ်။ တခြားအိမ်တွေမှာဆိုရင် ဆန်တွေ၊ဆီတွေ ယူသုံးတယ်။ အိမ်တွေဆိုရင်လည်း အားလုံးမွှေထားတယ်” ဟု နမ့်ခေး ဒေသခံတဦးက ပြောပြသည်။

နမ့်ခေး ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဉ် ရွာအတွင်း မြန်မာ့တပ်မတော် မှ တပ်စခန်းချကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နမ့်ဆန် ချမ်းမြေ့ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးသိန်းရွှေ က “ကျနော်ကြားတာတော့ အိမ် ၃အိမ်နဲ့ ဈေးဆိုင် တဆိုင် ဖောက်ခံရတယ်။ အိမ်တွေဆိုရင်လည်းမွှေထားတယ်။ ကျပ် ၁၀ သိန်း တန်ဖိုးလောက် ပါသွားမယ်။ ဘယ်အဖွဲ့ဆိုတာတော့မသိဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တိုက်ပွဲများဖြစ်ပွားချိန် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေစဉ်တွင် အိမ်ဖောက်ထွင်းခံရခြင်း၊ နေအိမ် နှင့် ဈေးဆိုင် ပစ္စည်းများကို မွှေနှောက် ယူဆောင်ခြင်းတို့ ရှိကြောင်း လည်း ဒေသခံများက ပြောဆိုသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့သည် စက်တင်ဘာ ၁၃ရက်မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသား တဦး သေဆုံးခဲ့ပြီး၊ ၃ဦး ဒဏ်ရာရရှိကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...