မျှစ်ချိုးရန်သွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

မျှစ်ချိုးရန်သွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးတွင် ယနေ့စက်တင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးမှာ ဒေါ်သန်းသန်းနု အသက် ၄၆ နှစ်ဖြစ်ပြီး ချောင်းတူကျေးရွာအနီးရှိ တောင်ပေါ်သို့ မျှစ်ချိုးသွားရာတွင် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာသားများက ပြောသည်။

“ဒဏ်ရာတအားပြင်းတယ်။ ဘယ်ဘက်ခြေထောက်က လုံးဝပိုင်းသွားတယ်။ မျက်နာနဲ့ ခန္ဓာတွေမှာလည်း ကြည့်ဖို့တောင်မရတော့ဘူး” ဟု ချောင်းတူကျေးရွာသား ကိုထွန်းထွန်းက ပြောသည်။

လက်ရှိမှာ ၎င်းဒဏ်ရာရအမျိုးသမီးအား စစ်တွေဆေးရုံသို့ ယူဆောင်လာနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

သေဆုံးသူဦးရေ ၈၀ ကျော်ထဲတွင် မြေမြုပ်မိုင်းထိမှန်သေဆုံးမှုအပါအဝင် တိုက်ပွဲကြောင့်သေဆုံးသူ၊ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူများနှင့် စစ်ကြောရေးကာလအတွင်း သေဆုံးသူများလည်းပါဝင်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...