လက်မဆိပ်ကျေးရွာအနီး တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေး

လက်မဆိပ်ကျေးရွာအနီး တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေး

ပုဏ္ဏားကျွန်းမြို့နယ်၊ လက်မဆိပ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခုမှာ လက်မဆိပ်ကျေးရွာမှ မင်းဇီချောင်းကျေးရွာဘက်သို့ ထွက်ခွာပြီးနောက်တွင် ပေါက်ကွဲမှု သုံးလေးကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကျွန်တော်တို့ရွာနဲ့ မင်းဇီချောင်းကြားမှာ ပေါက်ကွဲသံကြားတယ်။ သုံးလေးကြိမ်လောက်ပေါက်ကွဲတယ်။ နောက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်သံကြားရတယ်” ဟု လက်မဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုများကြောင့် လက်မဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး၏ နွားနှစ်ကောင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာသားများမှာ ပုန်းခိုနေခဲ့သဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုကြောင့် ကျေးရွာသားမှာ ဘေးလွတ်ရာကျေးရွာများဖြစ်သော မင်းကြပ်တော၊ ကြောင်ဖို၊ အရက်သေမ၊ ယိုးတရုတ်၊ ရောင်စုံ စသည့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း လက်မဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ရွာထဲမှာ လူပေါင်းသုံးလေးဆယ်လောက်တောင် မရှိတော့ဘူး။ ပြေးကြတာက ကိုယ့်အသက်ကို ထိမှာစိုးလို့ပြေးကြတာ။ ကျွန်တော်တို့ ဒီလိုတစ်ခါမှ မခံဖူးဘူး”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

လက်မဆိပ်ကျေးရွာတွင် အိမ်ခြေ ၁၄၀ နှင့် လူဦးရေ ၈၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...