သျှမ်းရှေ့ တာချီလိတ်မြို့နယ် ကျပ်သိန်း ၁ထောင် မူးယစ် ဖမ်းဆီးရမိ

သျှမ်းရှေ့ တာချီလိတ်မြို့နယ် ကျပ်သိန်း ၁ထောင် မူးယစ် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် တာချီလိတ်မြို့နယ် တာလေမြို့ အနီးတွင် တန်ဖိုး သိန်း တထောင် (၁၀၀၀) မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် ထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီက တာချီလိတ်မြို့နယ် တာလေမြို့ အထွက် တိုးဂိတ်အနီးတွင် မိုင်းဖြတ်မြို့နယ် တွင်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကျဘိုးရှီ မောင်းနှင်းလာသည့် ကားကို စစ်ဆေးရာ ကျပ်သိန်း တထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးနှင့် တူမီး သေနတ် ၁ လက် တို့ ကို ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ထို မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကျဘိုးရှီ ကို တာလေနယ်မြေ ရဲစခန်း မှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး ကို ယခုရက်ပိုင်းဆက်တိုက် ဖမ်းဆီးရမိသည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စုတွင် ကျပ်သိန်း ၁၀ ဘီလီယံ အိုက်စ် မူးယစ်ဆေးများကို ဖမ်းဆီးရမိပြီး စက်တင်ဘာ ၅ ရက်မှ ၈ ရက်အတွင်းလည်း ဘိလပ်မြေ အိတ်ခွံဖြင့် ကဖင်း အလေးချိန် ၂၆၅၀ ကီလို ဖမ်းဆီးရမိသည်။

လက်ရှိ သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် မူးယစ်ဆေးဝါး ဖြင့် ဖမ်းဆီးရမိသည့် သူများသည် ပြည်သူ့စစ် အဖွဲ့ဝင် များဖြစ်ကြကြောင်း မိုင်းဖြတ် ဒေသခံများပြောပြချက် အရသိရသည်။

“ ဒီမှာ လုပ်နေတဲ့ မူးယစ်ဆေးတွေ လက်ရှိ ဖမ်းခံရတဲ့ သူတွေ က ပြည်သူ့စစ် အဖွဲ့ဝင်တွေပါ။ သာမာန် လူတွေက မလုပ်ရဲဘူး။ သူတို့ တွေရဲ့ နောက်မှာ အဖွဲ့အစည်း တခုခု ရှိလို့ လုပ်ရဲတာ” ဟု သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်ဒေသခံတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကျိုင်းတုံမြို့တွင်မူ စက်တင်ဘာလ ၁၄ ရ်ကနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ပန်မတ်ကျေးရွာအထွက်၌ ဆာလာအိတ်များတင်ဆောင်လာသော ဆိုင်ကယ်လေးစီးနှင့် လူခြောက်ဦးတို့အား အစိုးရအာဏာပိုင်များတားဆီးစစ်ဆေးရာ အဆိုပါလူ ၆ ဦးသည် ဆာလာအိတ်များပစ်ချ၍ ထွက်ပြေးခဲ့ကြကြောင်း၊ အဆိုပါဆာလာအိတ်များအတွင်း အိုက်စ်မူးယစ်ဆေးဝါး ၁၅၀ ကီလိုဂရမ်ခန့်တွေ့ရှိရာ ခန့်မှန်းတန်ဖိုးမှာငွေကျပ်သိန်းပေါင်း ၃၇၅၀၀ ခန့်ရှိကြောင်း တပ်မတော်ပြန်ကြားရေး၏ သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...