ကျောက်တော်မြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွားကာ လူ ၁ ဦးသေဆုံး လူ ၅ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွားကာ လူ ၁ ဦးသေဆုံး လူ ၅ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား ကန်သုံးဆင့်ကျေးရွာမှ ဒေသခံ ၁ ဦးသေဆုံးပြီး သင်္ဂနက်ကျေးရွာမှ ၃ ဦး၊ စံပယ်လှကျေးရွာမှ ၂ ဦးတို့မှာ ဒဏ်ရရှိခဲ့ကြကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၂ နာရီကျော်အချိန်က ကံသုံးဆင့်ကျေးရွာမှ ဦးနီထွန်း၏ နေအိမ်ပေါ်သို့ လက်ကျည်ကျရောက်သဖြင့် ခြေသလုံးကို ထိမှန်ခဲ့သည်။ ဒဏ်ရာရသူ ဦးနီထွန်းအား စက်လှေဖြင့် ကံစောက်ကျေးရွာသို့ ပို့ဆောင်ကာ ဆေးဝါးကုသပြီး စစ်တွေသို့ပို့ဆောင်ရန် စီစဉ်နေချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကျည်ကတော့ အရှေ့ဖက်ကနေလာတာ။ လက်နက်ကြီးလား လက်နက်ငယ်လား ကျွန်တော်တော့ မသိပါ။ သူအိမ်မှာအိပ်နေတာ ကျည်က အိမ်ခေါင်မိုးကိုဖောက်ပြီး လာထိတာ။ ခြေထောက်ကျိုးပြီး အရိုးတွေ ကြေမွသွားတယ်။ ကန်စောက်ပို့ပြီး ကျန်းမာရေးမှူးနဲ့တွေ့ပြီး ဆေးတွေဘာတွေထိုးပြီး နာရေးကားကို အကူညီတောင်းပြီး တင်ဖို့စီစဉ်နေတဲ့အချိန် ဆုံးသွားတယ်”ဟု ကံသုံးဆင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောသည်။

အလားတူ ကျောက်တော်မြို့နယ်သင်္ဂနက်ကျေးရွာနှင့် စံပယ်လှကျေးရွာမှ လူ ၅ ဦးကိုထိမှန်ခဲ့ပြီး ကျောက်တော် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေရပြီး သင်္ဂနက်ကျေးရွာမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“မြစ်ကြောင်းက လှမ်းပစ်တယ်လို့ ပြောတယ်။ သင်္ဂနက်က လင်မယားနှစ်ဦးဆီ ထိတယ်။ နောက်တစ်ယောက်ဆီမှာလည်း ထိတယ်ပေါ့။ နောက်တစ်ယောက်က သိပ်အရေးမကြီးဘူး။ လင်မယားနှစ်ယောက်မှာ အမျိုးသားက စိုးရိမ်ရတဲ့အနေအထားကြောင့် စစ်တွေသွားဖို့ လုပ်နေကြတယ်။ နောက်နှစ်ယောက်က စံပါယ်လှကပါ သူတို့နှစ်ယောက်ပါ ကျောက်တော်ဆေးရုံကို ရောက်နေကြတယ်လို့ ကြားတယ်”ဟု ဦးဦးထွန်းဝင်းကပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ပစ်ခတ်မှုမှာ ကုလားတန်းမြစ်ကြောင်းထဲမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...