(၈၀) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်တွင်ကျင်းပ

(၈၀) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်တွင်ကျင်းပ

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) (ANDP) မှ ကြီးမှူးပြီး နှစ် (၈၀)မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာနာဒိုဘာဘာရပ်ကွက်ရှိ Recycle Central  တွင် စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ကြသည်။

အခမ်းအနားကို ဂျပန်ရောက် ရခိုင်လူမျိုးများ၊ ASAJ ရခိုင်လူမှုရေးအသင်းခေါင်းဆောင်းများ၊ မဟာမိတ်မြန်မာ့တိုင်ရင်းသားခေါင်းဆောင်များ၊ မဟာမိတ်တိုင်းရင်းသားညီနောင်များ တက်ရောက်ခဲ့ကြသည်။

“အခုလို ဆရာတော် ဦးဥတ္တမနေ့ကို ရေမြေခြား ဂျပန်နိုင်ငံမှာ ကျင်းပခြင်းဟာ သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသခြင်းလည်း ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်သွားခဲ့ကြတဲ့ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာမယ့် ရခိုင်မျိုးဆက်သစ်လူငယ်တွေ မျိုးချစ်စိတ်တွေ နိုးထလာပြီး ရခိုင်အရေးဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ်နိုင်တဲ့နေရာက တစ်တပ်တစ်အား ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ANDP ဥက္ကဋ္ဌ ကိုဘုန်းမြင့်က ပြောသည်။

အခမ်းအနားကို လူပေါင်း ၁၀၀ ခန့် တက်ရောက်လာကြပြီး ရခိုင်မင်္ဂလာစည်တော်ဖြင့် အခမ်းအနားဖွင့်လှစ်ကာ ဆရာတော်အား လွမ်းသူ့ပန်းခွေများချပြီး ဂါရဝပြုခဲ့ကြသည်။

ယင်းအပြင် ဆရာတော်၏ ဘဝဖြတ်သန်းမှုနှင့် အတုယူဖွယ်ရာများကို ဟောပြောခဲ့ကြပြီး မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်များကလည် ဆရာတော်၏ ဂုဏ်ကျေးဇူးများကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ရှေ့ဆောင်လမ်းပြခဲ့သည့်အတွက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်။ ဆရာတော်ကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကြပြီး ရခိုင်ပြည်နယ်မြို့နယ်များအပြင် ပြည်ပရောက်ရခိုင်များကပါ အခမ်းအနားများ ကျင်းပကြခြင်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...