ရခိုင်နှင့် ရှမ်းတွင် တိုက်ပွဲကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှုများလာ

ရခိုင်နှင့် ရှမ်းတွင် တိုက်ပွဲကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှုများလာ

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးရသည့် အရေအတွက်အချိုးအစား များပြားလာကြောင်း Unicef Myanmar က စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပိုမိုပြင်းထန်လာသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် တိုက်ပွဲဒဏ် ခံစားရသည့်ဒေသများမှ ကလေးသူငယ်များ ထိခိုက်သေဆုံးရသည့် အရေအတွက်အချိုးအစား များပြားလာသည့် သတင်းပေးပို့မှုများအပေါ် လွန်စွာစိုးရိမ်ပူပန်မိပါသည်” ဟု Unicef Myanmar က ဆိုသည်။

ထိုသို့ ထိခိုက်သေဆုံးရသူများ၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်းနှင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားရာဒေသရှိ ကလေးသူငယ်များအတွက်လည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်သည်။

လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်ပတ်သက်သည့် အဖွဲ့များအားလုံးအနေဖြင့် ကလေးသူငယ်များအပေါ် ထိခိုက်စေသည့် တိုက်ခိုက်မှုများကို ရှောင်ရှားပေးရန်နှင့် ကလေးသူငယ်များအား ကာကွယ်ပေးရန်အတွက် Unicef Myanmar က တိုက်တွန်းထားသည်။

ရခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများတွင် အမျိုးသမီးနှင့် ကလေးငယ်များထိခိုက်မှုသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီပေးနေသည့် ဦးသန်းထွန်းက ပြောသည်။

“အရပ်သား အထိအခိုက်ကြားရတဲ့သတင်းထဲမှာ အများစုပါဝင်နေတာက အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေများနေတယ်။ ထိုနည်းတူ စစ်တွေဆေးရုံကိုရောက်လာတဲ့ လူနာတွေထဲမှာလည်း အသက်အရွယ် ငယ်ငယ်လေးတွေပါလာတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသများမှ ကလေးသူငယ်များတွင် ကျောင်းတက်ရမည့်အချိန် ကျောင်းမတက်ရဘဲ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသဖြင့် စိတ်ဒဏ်ရာခံစားရမှုများလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တိုက်ပွဲများကြောင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ထိခိုက်မှုမဖြစ်စေဘဲ ကာကွယ်ပေးရန်လည်း ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများကို Unicef Myanmar က တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၉ လကျော်ကြာမြင့်လာခဲ့ပြီး ၎င်းတိုက်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု များကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုအများအပြားရှိနေသည်။

မကြာမီရက်ပိုင်းအတွင်းက ဖြစ်ရပ်များတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းအတွင်းရှိ နေအိမ် တစ်လုံးသို့ သြဂုတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်မှ အသက် ၁၅ နှစ်အတွင်းရှိသည့် ကျောင်းသားသုံးဦးသေဆုံးခဲ့ပြီး အခြား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် အရပ်သား ၇ ဦး အထိဒဏ်ရာရရှိခဲ့ပြီး ၎င်းအထဲတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးပါဝင်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...