ရခိုင်နှင့် ချင်းပြည်နယ်တို့မှ စစ်ရှောင်များအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော်ထောက်ပံ့ရန်လျာထား

ရခိုင်နှင့် ချင်းပြည်နယ်တို့မှ စစ်ရှောင်များအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော်ထောက်ပံ့ရန်လျာထား

တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် ကုလသမဂ္ဂအဖွဲ့အစည်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ သန်းကို ထောက်ပံ့ ပေးရန်လျာထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သည့် အဖွဲ့အစည်းများပူးပေါင်းကာ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျာထားအမေရိကန်ဒေါ်လာ(၁၂.၂)မီလီယံအနက် (၅)မီလီယံရရှိပြီးဖြစ်ပါတယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ဒေါက်တာဝင်းမြတ်အေးက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာသူများကို လူသားချင်းစာနာထောက်ထားမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့များက Supplemental Response Plan For Myanamar(New Displacement In Rakhine and Chin States) (SRP) မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်တွင် အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အခိုအကာနှင့် အစားအသောက် မဟုတ်သည့် အခြားပစ္စည်းများထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေး၊ ပညာရေး စသည့်လုပ်ငန်းများပါဝင်ကြောင်း ဆိုသည်။

(SRP)နှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့က ဆွေးနွေးခဲ့သည့် တွေ့ရှိချက်များအား လုံခြုံရေးအခြေအနေ အရ ဆောင်ရွက်နိုင်သည်များကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းကျော်အထိ ရှိလာပြီး စခန်းအတွင်းရှိသူ ၂ သောင်းကျော်နှင့် စခန်းပြင်ပတွင်ရှိသူ ၄ သောင်းကျော်ဖြစ်ကြောင်း စစ်ဘေး ဒုက္ခသည်စာရင်းများကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး(REC)မှ ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။

စစ်ဘေးဒုက္ခသည်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့တွင် လိုအပ်ချက်များရှိနေပြီး ဒုက္ခသည်များကိုကူညီရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ICRC နှင့် WFP အဖွဲ့နှစ်ခုကိုသာ ပြည်နယ် အစိုးရအဖွဲ့မှ သွားရောက်ကူညီရန်ခွင့်ပြုထားကာ အခြားအဖွဲ့များကို ၎င်းဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...